ခင်ဦးတွင် ယာဉ်တိုက်မှုကြောင့် ၃ ဦး သေဆုံး၊ ထွက်ပြေးယာဉ်မောင်းကို ရှာဖွေနေ
DVB
·
September 5, 2020
ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း မိုင်တိုင် ၁၅ နားမှာ စက်တင်ဘာ ၃ ရက်က ဆိုင်ကယ်နဲ့ ကားတိုက်မိလို့ ဆိုင်ကယ်ပေါ်ပါသူ လူငယ် ၃ ဦး သေဆုံးခဲ့ပြီး တိုက်တဲ့ကားကတော့ ထွက်ပြေးသွားတယ်လို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှုးရုံးက သိရပါတယ်။
ယာဉ်မဆင်မခြင်မောင်းနှင်သူ ဆိုင်ကယ်မောင်းသူ ကျော်သက်နိုင်နဲ့ ကားမောင်းသူတို့ကို အမှုဖွင့်ထားတယ်လို့ ခင်ဦးမြို့မစခန်းမှ သိရပါတယ်။
တိုက်ပြေးတဲ့ကားကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ရှာဖွေနေတယ်လို့ ခင်ဦးမြို့မစခန်း တာဝန်ရှိသူက ပြောပါတယ်။
ချိုသဲကြည်