Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၃၈ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာပေါင်း ၁၁၇၁ ဦးအထိရှိလာ
DVB
·
September 4, 2020
ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  ၃၈ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၁၁၇၁ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညထုတ်ပြန်ချက်အရ သိရပါတယ်။ လူနာသစ်တွေထဲမှာ ရန်ကုန်တိုင်းက ၁၄ ဦး၊ ရခိုင်ပြည်နယ်က ၇ ဦး၊ နေပြည်တော်က ၇ ဦး၊   မန္တလေးတိုင်း မြင်းခြံက ၈ ဦး၊ ဧရာဝတီတိုင်း ပုသိမ်က ၁ ဦး၊ မွန်ပြည်နယ် ကျိုက်ထိုက ၁ ဦးတို့ ပါဝင်ပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ထပ်မံထုတ်ပြန်မယ်လို့ သိရပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၉၃၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၃၃၂ ခုနဲ့ တခြားပြည်နယ်နဲ့တိုင်းတွေက ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွေက ဓာတ်ခွဲနမူနာတွေအပါဝင်  စုစုပေါင်း ၁,၆၄၂ ခု ကို ဒီနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၃၈  ဦး တွေ့ရှိရတာပါ။ စက်တင်ဘာ ၄ ရက်ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၇၁ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ်  ၉၈  ဦးရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024