မြန်မာနိုင်ငံ လူရွှင်တော်အဖွဲ့တည်ထောင်
DVB
·
June 20, 2013
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့က မြန်မာနိုင်ငံ လူရွှင်တော်အဖွဲ့ကို အဖွဲ့ဝင် ၉၀ ကျော်နဲ့ စတင် ဖွဲ့စည်းခဲ့ကြောင်း အဖွဲ့ဝင် လူရွှင်တော်ဇီးသီးက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ အဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးမေတ္တာ၊ အတွင်းရေးမှူး ဦးဒိန်းဒေါင်၊ ဗဟိုအလုပ်အမှုဆောင် ၁၃ ဦးနဲ့ ဖွဲ့စည်းထားပြီး နောက်ပိုင်း ဒီမိုကရေစီနည်းကျ ပြန်လည် ရွေးကောက် တင်မြှောက်မယ်လို့ သိရပါတယ်။ အဖွဲ့အနေနဲ့ လူရွှင်တော်တွေရဲ့ သာရေးနာရေးကိစ္စတွေ ဆောင်ရွက်မှာ ဖြစ်သလို အခြားကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်ကြမယ်လို့ သိရပါတယ်။
လတ်တလော လာမယ့် ဇူလိုင် ၂၇ ရက်နေ့ကျရင် စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်ပစ် ဒုက္ခရောက်ရသူတွေကို ကူညီမယ့် ရန်ပုံငွေရှာ ကပွဲတခုကို သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံမှာပြုလုပ်သွားဖို့ ရှိတယ်လို့ ဦးဇီးသီးက ပြောပါတယ်။