ပြင်ဦးလွင်တွင် ငွေကျပ်သိန်း ၆,၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
September 4, 2020
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ငွေကျပ်သိန်း ၆,၁၆၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ ၀၆း၃၀ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအနီးမှာ မအေးလှ မောင်းနှင်တဲ့ LANDCRUISER အမျိုးအစားမော်တော်ယာဉ်နဲ့ ယာဉ်နောက်က စိုင်းလူ မောင်းနှင်ပြီး စိုင်းဟန်အောင်၊ စိုင်းမောင်တို့ လိုက်ပါလာတဲ့ Mark II အမျိုးအစား မော်တော်ယာဉ် ၂ စီး တို့အား ရပ်တန့် စစ်ဆေးရှာဖွေရာက ဖမ်းဆီးမိခဲ့တာပါ။
Mark II ယာဉ်ရဲ့ နောက်ဖုံးအတွင်းမှ ဘိန်းဖြူ ၈ ဒသမ ၈ ကီလိုနဲ့ လက်ကိုင်ဖုန်း ၅ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
စိုင်းလူ (၂၅) နှစ်၊ စိုင်းဟန်အောင် (၁၆) နှစ်၊ စိုင်းမောင် (၁၅) နှစ်၊ မအေးလှ (၅၃) နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။