ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြင်းထန်လာသဖြင့် ‘ဝ’ ဒေသသို့ လာရောက်သူများကို ပိတ်ပင်
DVB
·
September 3, 2020
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တခြားဒေသတွေက လာရောက်သူတွေကို စက်တင်ဘာ ၁ ရက်နေ့ကတည်းက ဝင်ရောက်ခွင့်မပြုတော့ဘူးလို့ UWSA ရဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းအပါအဝင် မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေ ပြင်းထန်လာတဲ့ အပေါ်မူတည်ပြီး အခုလို ဆောင်ရွက်ထားတာလို့ ဆိုပါတယ်။
ရောဂါအခြေအနေတွေပေါ်မူတည်ပြီး သတ်မှတ်ချက်တွေကိုတော့ ပြန်လည်ပြင်ဆင်သွားမယ် လို့ သိရပါတယ်။
အခုလို ဒေသကို လာရောက်ခွင့်ပိတ်ပင်ထားပေမယ့် ကုန်စည်အဝင်အထွက်ကတော့ ရှိနေတယ်လို့ ဦးညီရမ်းက ပြောပါတယ်။
ဒေသတွင်း ရောဂါကူးစက်မှု မပြန့်ပွားအောင် အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးကြပ်မတ်မှု တွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - နန်းစံပယ်