A d v e r t i s e m e n t With Us

ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သည့် မဲဆန္ဒနယ်များကို အောက်တိုဘာလအတွင်း ထုတ်ပြန်မည်

ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တဲ့ မဲဆန္ဒနယ်တွေကို လာမယ့်အောက်တိုဘာလအတွင်း ထုတ်ပြန်ကြေညာသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားတာပါ။ လက်ရှိမှာ ရခိုင်ပြည်နယ်အပါအဝင် ဒေသတချို့မှာ ကိုဗစ်-၁၉  ရောဂါကူးစက်မှု နှုန်းမြင့်မားနေတာကြောင့်  အထွေထွေရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် အခက်အခဲတစ်ခုလို ဖြစ်နေပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ ပြုလုပ်နိုင်တဲ့နေရာတွေမှာ ကျင်းပသွားမှာဖြစ်ပြီး မပြုလုပ်နိုင်တဲ့နေရာတွေကိုတော့ လာမယ့် အောက်တိုဘာလအတွင်း ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့စီစဉ်နေပေမဲ့  တစ်ဘက်ကလည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ အရေအတွက်ဟာ နေ့စဉ်မြင့်တက်နေပြီး  စက်တင်ဘာ ၂ ရက် ည ၈ နာရီအထိ  မြန်မာတစ်နိုင်ငံလုံးမှာ  ကိုဗစ်-၁၉ အတည်ပြုလူနာ  ၉၉၅  ဦးအထိရှိလာတာပါ။ ဒီအခြေအနေအတွင်းမှာ ကျင်းပရမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း မဲရုံတွေ တိုးချဲ့တာအပါအဝင် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်  ဦးမြင့်နိုင်က ပြောပါတယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ ၊ တိုင်းဒေသကြီးနဲ့ပြည်နယ် မဲဆန္ဒနနယ်  ၆၄၄၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တို့မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။  ရွေးကောက်ပွဲကို နိုင်ငံရေးပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်စုစုပေါင်း ၆၉၆၉ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့  ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ သတင်း- ဖြိုးသက်ပိုင်မြင့် ဓာတ်ပုံ- UEC

A d v e r t i s e m e n t With Us

More News
Up