Home
မြန်မာသတင်း
Thai Airways အထူးလေယာဉ် ၁၈ စင်းဖြင့် ကမ္ဘာ့မြို့ကြီး ၇ မြို့သို့ ပျံသန်းပြေးဆွဲမည်
DVB
·
September 2, 2020
ထိုင်းနိုင်ငံလေကြောင်းလိုင်းတခုဖြစ်တဲ့ Thai Airways ဟာ အခုလထဲမှာ ကမ္ဘာ့မြို့ ကြီး ၇ မြို့ကို အထူးလေယာဉ် ၁၈ စင်းနဲ့ ပျံသန်းပြေးဆွဲပေးသွားဖို့ ရှိနေတယ်လို့ နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီခရီးစဉ်တွေကိုတော့ ထိုင်းနိုင်ငံကနေ ပြန်လည်ထွက်ခွာကြမယ့် နိုင်ငံခြားသားတွေ၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားခရီးသွားဖို့ လိုအပ်တဲ့ ထိုင်းနိုင်ငံသားတွေအတွက် ရည်ရွယ်ကာ ထိုင်ခုံနေရာ အကန့်အသတ်နဲ့ ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။ ပြေးဆွဲသွားမယ့် မြို့ကြီးတွေကတော့ မြူးနစ်၊ ဖရန့်ဖတ်၊ လန်ဒန်၊ ပဲရစ်စ်၊ ကိုပင်ဟေဂင်၊ တိုင်ပေနဲ့ ဟောင်ကောင်မြို့တွေပဲ ဖြစ်ပါတယ်။ ဥရောပခရီးစဉ်တွေဖြစ်တဲ့ ဘန်ကောက်-မြူးနစ်ခရီးစဉ်ကိုတော့ TG922 လေယာဉ်နဲ့ စက်တင်ဘာ ၁၁ ရက်နေ့မနက်မှာထွက်ခွာမှာဖြစ်ပြီး ဘန်ကောက်-ဖရန့်ဖတ် ခရီးစဉ်ကိုတော့ TG922 လေယာဉ် ၂ စင်းနဲ့ စက်တင်ဘာလ ၁၈ ရက်နဲ့ ၃၀ ရက် မနက်ထွက်ခွာမှာ ဖြစ်ပါတယ်။ ဘန်ကောက်-လန်ဒန်ခရီးစဉ်ကိုတော့ TG916 လေယာဉ် ၃ စင်းနဲ့ စက်တင်ဘာလ ၁၃ ရက်၊ ၂၀ ရက်နဲ့ ၂၇ ရက်နေ့ မနက် ထွက်ခွာမှာ ဖြစ်ပါတယ်။ ဘန်ကောက်-ပဲရစ်ခရီးစဉ်ကိုတော့ TG932 လေယာဉ် ၂ စင်းနဲ့ စက်တင်ဘာလ ၁၇ ရက်နဲ့ ၂၉ ရက်နေ့ မနက် နာရီမှာ ထွက်ခွာမှာဖြစ်ပြီး ဘန်ကောက်-ကိုပင်ဟေဂင် ခရီးစဉ်ကိုတော့ TG950 လေယာဉ် ၂ စင်းနဲ့ စက်တင်ဘာလ ၁၃ ရက်နေ့နဲ့ ၂၇ ရက်နေ့ မနက်မှာ ထွက်ခွာမှာ ဖြစ်ပါတယ်။ အာရှဒေသတွင်း ခရီးစဉ်တွေဖြစ်တဲ့ ဘန်ကောက်-တိုင်ပေခရီးစဉ်ကိုတော့ TG632 လေယာဉ် ၄ စင်းနဲ့ စက်တင်ဘာလ ၄ ရက်၊ ၁၀ ရက်၊ ၁၈ ရက်နဲ့ ၂၅ ရက်နေ့ မနက်နာရီမှာ ထွက်ခွာမှာဖြစ်ပြီး ဘန်ကောက်-ဟောင်ကောင်ခရီးစဉ်ကိုတော့ TG606 လေယာဉ် ၄ စင်းနဲ့ စက်တင်ဘာလ ၉ ရက်၊ ၁၆ ရက်၊ ၂၃ ရက်နဲ့ ၃၀ ရက်နေ့ ညနေ ၄ နာရီမှာ ထွက်ခွာမှာဖြစ်တယ်လို့ ဆိုပါတယ်။ လေကြောင်းလိုင်းရဲ့ အမှုဆောင် ဥက္ကဋ္ဌ ဝီဝတ်ပီရာဝီရော့ဂျ်ကတော့ Thai Airways အနေနဲ့ နိုင်ငံတွင်း နေရပ်မပြန်နိုင်ပဲ သောင်တင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ နိုင်ငံရပ်ခြားကို စီးပွားရေး၊ ပညာရေးနဲ့ မိသားစုအရေးကိစ္စတွေနဲ့ ခရီးသွားလာဖို့ လိုအပ်နေတဲ့ ထိုင်းနိုင်ငံသားတွေကို အကူအညီပေးဖို့ ရည်ရွယ်ပြေးဆွဲတာလို့ ပြောပါတယ်။ ကိုးကား- The Nation
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024