A d v e r t i s e m e n t With Us

ချက်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်ကန့်ကွက် 

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိုင်ဝမ်ဆီ တရားဝင် လာရောက်လည်ပတ်တဲ့ ခရီးစဉ်ဟာ ပွင့်ပွင့်လင်းလင်းရန်စမှုလို့ တရုတ်အကြီးတန်းသံတမန်ဝမ်ယိက စက်တင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးအစိုးရက သူ့ပိုင်နက် အချုပ်အခြာအောက်က သင်းကွဲပြည်နယ်လို့ ယူဆထားပြီး နိုင်ငံတနိုင်ငံရဲ့ အဆင့်အတန်းနဲ့ ဆက်ဆံရေးအတွက် တရားမဝင်ဘူးလို့ မှတ်ယူထားတာပါ။ ဒါကြောင့် ချက်လွှတ်တော်ဥက္ကဋ္ဌရဲ့ခရီးစဉ်ဟာ ထိုင်ဝမ်အတွက် စီးပွားရေး အဆက်အသွယ်တွေကို တိုးမြှင့်ပေးရာရောက်ပြီး တရုတ်ရဲ့ ကန့်ကွက်မှုကို ချက်သမ္မတနိုင်ငံက အလေးမထားရာ ရောက်တယ်လို့ တရုတ်က သတ်မှတ်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up