A d v e r t i s e m e n t With Us

၂၀၂၀ သားရိုင်းတိရစ္ဆာန်ဓာတ်ပုံဆုရစာရင်းတွင် ၁၃ နှစ်သား  ၁ ဦး၏ လက်ရာဓာတ်ပုံပါဝင်

၂၀၂၀ ပြည့်နှစ် တနှစ်တာ သားရိုင်းတိရစ္ဆာန်ဓာတ်ပုံဆရာဆုစာရင်းမှာ ၁၃ နှစ်သား ပြိုင်ပွဲဝင်တယောက်ရဲ့ လက်ရာဓာတ်ပုံတပုံလည်း ပါဝင်နေတယ်လို့ စီအဲန်အဲန်သတင်း တပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။ ကမ္ဘာတလွှား ပြိုင်ပွဲဝင်ဓာတ်ပုံတွေထဲက ဒိုင်တွေက ရွေးချယ်ထားတဲ့ စုစုပေါင်း ဓာတ်ပုံ ၆၈ ပုံကို ပွဲစီစဉ်သူတွေက  ထုတ်ပြန်လိုက်တာဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ ဆုရဓာတ်ပုံတွေကို လန်ဒန်မြို့၊ အမျိုးသားသမိုင်းပြတိုက်မှာ ပြပွဲ ခင်းကျင်းပြသသွားဖို့ ရှိနေတာပါ။ ရွေးချယ်လိုက်တဲ့ ဓာတ်ပုံလက်ရာတွေထဲမှာ မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်တဲ့ ရှားပါးမျိုးစိတ်တွေ၊ သတိပြုဆင်ခြင်စရာ သဘာဝဘေးဒဏ်သင့် ဓာတ်ပုံလက်ရာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ၁၃ နှစ်သား ဆယ်ကျော်သက်ဓာတ်ပုံဆရာရဲ့ နာမည်ကိုတော့ အာ့ရှ်ဒိ(ပ်)ဆင်းလို့ ဖော်ပြထားပြီး သူရိုက်ကူးခဲ့တဲ့ ပုံကတော့ မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင် ဆိုင်နေရတဲ့ Douc မျောက်ဝံတကောင်ရဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင် ၅၀၀၀၀ နီးပါးထဲက ဆုရရှိသူတွေကိုတော့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ကာ ပြပွဲမှာ တခြားသော ဓာတ်ပုံလက်ရာ ၃၂ ပုံနဲ့အတူ ပြသနိုင်မှာ ဖြစ်ပါတယ်။ “ပြိုင်ပွဲလက်ရာ ၄၉,၀၀၀ ကျော်ထဲက ဂျူရီအဖွဲ့က ရွေးချယ်ထားတဲ့ ပုံတွေအား လုံးဟာ ဆုရသင့်တဲ့ သူတွေချည်းပါပဲ”လို့ ဒိုင်တယောက်ဖြစ်တဲ့ ရော့ဇ်ကစ်ဒ်မန်းကောက်စ်က ပြောပါတယ်။ ပြိုင်ပွဲဝင်တွေကတော့ ကမ္ဘာ့နိုင်ငံ ၂၅ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ကာ ဝါရင့်ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေ၊ အပျော်တမ်းဓာတ်ပုံဆရာတွေအပြင် လူငယ်တွေလည်း ပါဝင်ပါတယ်။ ဆုရဓာတ်ပုံတွေကိုတော့ အမျိုးသားသမိုင်းပြတိုက်မှာ ပြသတာအပြင် ယူကေနဲ့ ကမ္ဘာ့မြို့ကြီးတွေမှာလည်း ပြပွဲတွေအနေနဲ့ ပြသသွားမှာလို့ သတင်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up