A d v e r t i s e m e n t With Us

ဒယ်နီယယ်ဂျိမ်းစ်၏ အကောင်းဆုံးခြေစွမ်း ပြန်မြင်ရမည်ဟု ရွိုင်ယန်ဂစ်ပြော 

ဒယ်နီယယ်ဂျိမ်းစ်ဟာ မန်ယူအသင်းအတွက် အကောင်းဆုံး ခြေစွမ်း ပြန်လည်ပြသနိုင်လိမ့်မယ်လို့ ဝေးလ်နည်းပြ ရွိုင်ယန်ဂစ်က သုံးသပ်လိုက်ပါတယ်။  ဝေးလ်တောင်ပံတိုက်စစ်ကစားသမား ဒယ်နီယယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ ဆွမ်ဆီးကနေ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။  အသင်းနဲ့ ပွဲဦးထွက် ၄ ပွဲမှာပဲ ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ ရာသီနောက်ပိုင်း ကာလမှာတော့ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိ ဒယ်နီယယ်ဂျိမ်းစ်ဟာ  ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ စုစုပေါင်း ၄၆ ပွဲ ကစားခဲ့ပြီး ရာသီနောက်ပိုင်းကာလမှာ ခြေစွမ်းပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။  ဝေးလ်လက်ရွေးစင် နည်းပြရွိုင်ယန်ဂစ်ကတော့ ဒယ်နီယယ်ဂျိမ်းစ်က ရာသီသိမ်းကာလမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတာ မှန်ပေမယ့်လည်း သူ့ရဲ့လေ့ကျင့်ပုံတွေနဲ့ စိတ်ဓာတ်ပိုင်းအရ မန်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ဦးမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။  ဒယ်နီယယ်ဂျိမ်းစ်ဟာ လက်ရှိအချိန်မှာ နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားရမယ့် ဝေးလ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up