A d v e r t i s e m e n t With Us

အီရတ်တွင် ကားဗုံးပေါက်ကွဲ၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရပြီး အရပ်သား ၁ ဦး သေဆုံး

အီရတ်နိုင်ငံ၊ ကာကတ်မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာ ဆာလာဟူဒင် ခရိုင်ဆီသွားတဲ့ လမ်းပေါ်က ရဲကင်းစခန်းမှာ စက်တင်ဘာ ၁ ရက်က ကားဗုံးပေါက်ကွဲမှုကြောင့် အရပ်သားတဦး သေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကားကိုစစ်ဆေးနေတုန်း ကားမောင်းသူက ဗုံးကို ဖောက်ခွဲခဲ့တာလို့ အရာရှိ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို တာဝန်ခံကြောင်း အခိုင်အမာ ကြေညာတာတော့ မရှိသေးပေမဲ့ အိုင်အက်စ် စစ်သွေးကြွတွေက အဲဒီနေရာတဝိုက်မှာ လှုပ်ရှားလေ့ရှိတယ်လို့ လူသိများပါတယ်။

A d v e r t i s e m e n t With Us

More News
Up