A d v e r t i s e m e n t With Us

တောင်ဆူဒန်သမ္မတဟောင်းကို စစ်အာဏာသိမ်းမှုနှင့်စပ်လျဉ်းပြီး စတင်တရားစီရင်

ရာထူးချခံ တောင်ဆူဒန်သမ္မတ အိုမာအယ်လ်ဘတ်ရှားဟာ ၁၉၈၉ အာဏာရချိန်က စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး တရားစီရင်မှု စတင်ပြီဖြစ်လို့ စက်တင်ဘာ ၁ ရက်မှာ တရားရုံးဆီ ရောက်လာပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းပုံရတဲ့ အယ်လ်ဘတ်ရှားဟာ သူ့အလုပ်အကိုင် နေရာမှာ သမ္မတဟောင်းလို့ ဖြည့်ထားခဲ့ပါတယ်။ ဇနီး ၂ ယောက်ရှိသူ အသက် ၇၆ နှစ်အရွယ် ဘတ်ရှားဟာ ခါတွန်မြို့က ကိုဘာထောင်မှာ နေတယ်လို့ ဆူဒန်အစိုးရ ရုပ်သံက ပြောပါတယ်။ ဘတ်ရှားရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တချို့လည်း တရားခွင်မှာ သူနဲ့အတူတူ ရောက်လာပါတယ်။ အရင်လက အမှုဖွင့်ချိန်မှာ လာတဲ့လူအုပ်များလွန်းလို့ တရားခွင်ကို ရွှေ့ဆိုင်းရတဲ့အတွက် ခုမှ ရုံးတင်ရတာလည်း ဖြစ်ပါတယ်။ လမ်းပေါ် ဆန္ဒပြပွဲတွေ လချီ ပေါ်ပေါက်အပြီး ၂၀၁၉ ဧပြီမှာ စစ်တပ်အရာရှိတွေက ဘတ်ရှားကို ရာထူးချခဲ့ကြပါတယ်။ စစ်တပ်နဲ့ အရပ်ဘက်အုပ်စုတွေကြား အာဏာခွဲဝေရေး သဘောတူညီချက်လည်း ရခဲ့ပါတယ်။ ဘတ်ရှားဟာ သူ့အုပ်ချုပ်မှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှုအတွင်း ပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍအပေါ် တရားစီရင်ချက်ကို သီးခြားရင်ဆိုင်ရဦးမှာပါ။ သူဟာ အဂတိလိုက်စားမှု စွဲချက်တွေအတွက် ထောင်ဒဏ် ၂ နှစ်ကျခံဖို့ ဒီဇင်ဘာလတုန်းက ပြစ်ဒဏ်ချမှတ်ခံထားရပြီးပါပြီ။ သူ့ကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်တွေအတွက် တရားစီရင်ဖို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကလည်း အလိုရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up