A d v e r t i s e m e n t With Us

ကစားသမား ၇ ဦးအထိ မန်ယူနိုက်တက် ရောင်းထုတ်မည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားသမားသစ်တွေ ဝယ်ယူဖို့အတွက် အသင်းရှိ ကစားသမား ၇ ဦးလောက်ကို ရောင်းချသွားတော့မယ်လို့ သိရပါတယ်။ အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ ဗဟိုခံစစ်မှူးနေရာအတွက် လိုက်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့လည်း ကြိုးပမ်းနေတာပါ။ ဗန်ဒီဘိခ် ရောက်ရှိလာတော့မှာဖြစ်လို့ တခြားကွင်းလယ်ကစားသမားတွေ ဖြစ်တဲ့ ဖရက်ဒ်၊ လင်ဂတ်နဲ့ ပါရဲယားတို့ကို ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ ဘရာဇီး ကွင်းလယ်လူ ဖရက်ဒ်ကို ဂါလာတာစာရေးအသင်းက စိတ်ဝင်စားနေပြီး ပါရဲယားကို ဗလင်စီယာ၊ လင်ဂတ်ကို အဲဗာတန်နဲ့ ဝက်စ်ဟမ်းအသင်းတွေက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ခံစစ်ပိုင်းမှာတော့ ဖေးဂျုံး၊ စမောလင်းနဲ့ ရိုဟိုတို့ကို မန်ယူအသင်းက ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။ ရှက်ဖီးမှာ အငှားချထားတဲ့ ဂိုးသမား ဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူခဲ့တာကြောင့် အရန်ဂိုးသမား ရိုမဲရိုးကိုလည်း ရောင်းချသွားမှာဖြစ်ပြီး အဲဗာတန်၊ အက်စတန်ဗီလာနဲ့ လိဒ်ယူနိုက်တက်အသင်းတွေက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up