ဘာစီလိုနာ၏ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို မက်ဆီ မရောက်လာ
ဘာစီလိုနာအသင်းရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းခေါင်းဆောင် မက်ဆီ လာရောက်လေ့ကျင့်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေတဲ့ မက်ဆီဟာ တနင်္ဂနွေနေ့ကတည်းက အသင်းရဲ့ ကျန်းမာရေးစင်တာကို လာရောက်သတင်းပို့ခြင်း မရှိခဲ့တာပါ။
ဩဂုတ် ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမဆုံး လေ့ကျင့်ခန်းအစီအစဉ်မှာလည်း ပျက်ကွက်ခဲ့ပါတယ်။
နည်းပြသစ် ရော်နယ်ကိုးမန်းရဲ့ ပထမဆုံး လေ့ကျင့်ခန်းအစီအစဉ်မှာ ဒမ်ဘီလီ၊ ယော်ဒီအယ်ဘာ၊ ဆွာရက်ဇ်၊ ဗီဒယ်နဲ့ တခြားလူငယ်ကစားသမားတွေပဲ လေ့ကျင့်ခန်းဆင်းခဲ့တာ တွေ့ရပါတယ်။
မက်ဆီရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ် ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ ယူရိုသန်း ၇၀၀ ပေးချေရမယ်လို့ လာလီဂါအဖွဲ့ချုပ်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။