A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ လူနာသစ် ၁၉ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာပေါင်း ၉၃၈ ဦးအထိရှိလာ

ကိုဗစ်-၁၉ လူနာသစ် ၁၉ ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်းမှာ အတည်ပြုလူနာပေါင်း ၉၃၈ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက်  ထုတ်ပြန်ချက်အရ သိရပါတယ်။ လူနာသစ် ၁၉ ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၉ မြို့နယ်က  လူနာသစ် ၁၂ ဦး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်က ၂ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က ၂ ဦး၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်က ၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်က ၁ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်က ၁ ဦးတို့ဖြစ်ကြပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ် ) ဓာတ်ခွဲ နမူနာ  ၅၆၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ (ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ  ၁၂၀ ခု စုစုပေါင်း ၆၈၈ ကို  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၉ ဦး တွေ့ရှိခဲ့တာပါ။ ဓာတ်ခွဲစစ်ဆေးမှုတွေပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေဆဲဖြစ်ပြီး နောက်မှသာ ထပ်မံထုတ်ပြန်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မနေ့ညကလည်း ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၂ မြို့နယ်က  လူနာသစ် ၁၅ ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်က  ၈ ဦး၊ ပဲခူးတိုင်း ဝေါမြို့နယ်က ၅ ဦး၊ ရခိုင်ပြည်နယ်က ၄ ဦး စုစုပေါင်း လူနာသစ် ၃၂ ဦးတွေ့ရှိခဲ့ပါတယ်။ စက်တင်ဘာ ၂ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၉၁၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၃၅၇ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၄၈ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up