ဂျပန်အာဏာရ LDP ပါတီ ခေါင်းဆောင်သစ်ကို အမြန်ရွေးကောက်ရန် ဆုံးဖြတ်

1.1K
ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်ပါတီ (LDP) ခေါင်းဆောင်ကို အမြန်ရွေးကောက်နိုင်ဖို့ စံချိန်စံညွှန်းထက်စာရင် ရိုးရှင်းစွာ ရွေးကောက်တင်မြှောက်ဖို့ အထွေထွေကောင်စီက စက်တင်ဘာ ၁ ရက်မှာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။
ပါတီအစည်းဝေး တက်ရောက်သူတွေထဲမှာ LDP ပါတီ မူဝါဒရေးရာ အကြီးအကဲ ဖူမီယို ကီရှီဒါနဲ့ အထွေထွေအတွင်းရေးမှူးချုပ် တိုရှီဟီယိုနီကာအီတို့လည်း ပါဝင်ပါတယ်။
ပါတီခေါင်းဆောင်ကို စံနှုန်းကိုက် ရွေးကောက်မယ်ဆိုရင် ပြင်ဆင်ဖို့ အချိန် ၂ လ ကြာမြင့်ပြီး ဘတ်ဂျက်နဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ မူဝါဒကို ထိခိုက်စေမယ်လို့ LDP ပါတီအထွေထွေ ကောင်စီဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောပါတယ်။
ဂျပန်အောက်လွှတ်တော်မှာ LDP ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေက အများစု ရှိတာမို့ ပါတီခေါင်းဆောင်ဟာ ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာသလောက် ဖြစ်ပါတယ်။
LDP ပါတီ ခေါင်းဆောင်သစ်ဟာ ရှင်ဇိုအာဘေးနေရာ အစားထိုး ဝင်ရောက်မှာ ဖြစ်ပြီး အာဘေးဟာ ကျန်းမာရေး အခြေအနေကြောင့် ရာထူးက နုတ်ထွက်တယ်လို့ သြဂုတ် ၂၈ ရက်က ကြေညာခဲ့ပါတယ်။