A d v e r t i s e m e n t With Us

ရွှေဘို-မြစ်ကြီးနားလမ်း တံတားချင်းကပ်လမ်း တာဘောင်ကျိုး

စစ်ကိုင်းတိုင်း​​၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်စပ်  ကိုးပင်တံတား ချဉ်းကပ်  ကတ္တရာလမ်း တာဘောင်ကျိုးကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် လမ်းဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်အေးအေးမွန်က ပြောပါတယ်။ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး (ဗျုဟာလမ်း) မိုင်တိုင် ၈/၅ နဲ့ ၈/၆ကြား တံတားရဲ့တောင်ဘက်မြောက်ဘက်ဘက်က တာဘောင်တွေကျိုးကျတာပါ။  တံတားရဲ့တောင်ဘက် ​ရွှေဘိုဘက်ပိုင်းကမနက် ၁၁ နာရီလောက်ကတည်းက အရှည်ပေ ၂၀ အကျယ် ၅ ပေ လောက် ကျိုးကျတာ တံတားမြောက်ဘက်က ညနေပိုင်း​လောက်မှ အကုန်ကျိုးကျ သွားတာလို့ လမ်းဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။  ​စေတနာရှင် လူမှုကယ်ဆယ်ရေးအဖွဲ့ ဘူတာ(က)မှ ဥက္ကဋ္ဌ ဦးဝင်းကျော်က “ရွှေဘိုမြစ်ကြီးနား ကိုးပင်တံတား အနီးမှာ မနက် ၁၁ နာရီဝန်းကျင်အချိန်ကတည်းက ရေစီးကြောင့် လမ်းပိုင်းကျိုးပေါက်တယ်။ ကူညီမှုအသင်းတွေရောက်လာပြီး ကယ်ဆယ်ရေးတွေ လုပ်တယ်။ ရေလယ် အပင်ပေါ်မှာရောက်နေတဲ့ ကလေးတွေဆယ်တယ်။ ရွှေဘိုမြို့နယ် တဲကြီးကျေးရွာ အပြင်မှာနေတဲ့ အိမ်သုံးလုံးရေထဲပါသွားတယ်။ ၆ အိမ်ရေနစ်မြှုပ်ခဲ့ပြီး လူဦးရေ ၄၃ ဦး ရေဘေး လွတ်ရာ ကယ်ဆယ်ခဲ့တယ် အိမ်အသုံးအဆောင်တွေက အသုံးအဆောင်ပစ္စည်း တချို့လောက်ပဲ ပြန်ရတယ်”လို့ ပြောပါတယ်။ ဩဂုတ် ၃၁ ရက်နေ့ နေ့လည်ပိုင်းလောက်ကတည်းက ကားအစီးရေ ၁၀၀ လောက် လမ်းပိတ်ဆို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ myanmar rescue shwebo အဖွဲ့၊ စေတနာရှင် ပရဟိတအသင်း အမှတ် (၁)ဘူတာကနဲ့ ငြိမ်းချမ်းအောင် ပရဟိတအဖွဲ့တို့မှ ကယ်ဆယ်ရေး ဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ လမ်းပိုင်းကို သွားလာတာလွယ်ကူစေဖို့ ကျောက်တွေ သဲအိတ်တွေချတာ ဆက်တိုက်ပြုလုပ်နေကြောင်း လမ်းတံတားဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။ လမ်းပိုင်းကျိုးကျမှုကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ခဲ့ပြီး တံတားကျိုးကျမှုဖြစ်စဉ်ကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတား အခုလမ်းပိုင်းသွားရေးလာရေး အဆင်ပြေအောင် ဆောင်ရွက်ပြီးရင် တံတားအရှည် ထပ်တိုးဖို့  ညွှန်ကြားခဲ့တယ်လို့ လမ်းဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ သတင်း - ချိုသဲကြည်

A d v e r t i s e m e n t With Us

More News
Up