A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကူးစက်ခံရသည့် အိန္ဒိယသမ္မတဟောင်း ကွယ်လွန်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ အိန္ဒိယသမ္မတဟောင်း ပရာနတ်မူခါဂျီးဟာ ဆေးရုံမှာ သီတင်းပတ်ချီ ဆေးရုံတက်ခဲ့ပြီးနောက် သြဂုတ် ၃၁ ရက်က အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်ပါတယ်။ သမ္မတဟောင်း မူခါချီးဟာ အဆုတ်ကူးစက်နာရခဲ့ပြီးနောက် သွေးဖိအား အလွန်အမင်း ကျဆင်းခဲ့တယ်လို့ နယူးဒေလီ စစ်ဆေးရုံက အစောပိုင်းမှာ ပြောဆိုပါတယ်။ သမ္မတဟောင်းရဲ့ ကျန်းမာရေးအခြေအနေဟာ သြဂုတ် ၃၀ ရက်ကတည်းက ကျဆင်းနေတယ်လို့လည်း စစ်ဆေးရုံက ပြောကြားပါတယ်။ သမ္မတဟောင်း မူခါဂျီး ကွယ်လွန်တာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် နာရန်ဒါမိုဒီက   “အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်မှာ မူခါဂျီဟာ ဖျက်မရတဲ့ အမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့တယ်” လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။  “ထူးချွန် ပညာတတ်နဲ့ ထင်ရှားတဲ့ နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ မူခါဂျီးကို နိုင်ငံရေးနဲ့ လူမှုရေး နယ်ပယ်အသီးသီးက လေးစားမြတ်နိုးကြတယ်”လို့လည်း ဝန်ကြီးချုပ်မိုဒီက ရေးသားခဲ့ပါတယ်။  ပရာနတ်မူခါဂျီးဟာ အိန္ဒိယနိုင်ငံရဲ့ ၁၃ ယောက်မြောက် သမ္မတ ဖြစ်ပြီး ၂၀၁၂ ကနေ ၂၀၁၇ အထိ  သမ္မတ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up