ဆန်းပြားသည့် Mask တပ်ဖက်ရှင်အလန်းများနှင့် MTV VMAs ဆုအများဆုံးသိမ်းပိုက်နိုင်ခဲ့သည့် လေဒီဂါဂါ (ရုပ်သံ)

UNSPECIFIED - AUGUST 2020: Lady Gaga accepts the Song of the Year award for "Rain on Me" onstage during the 2020 MTV Video Music Awards, broadcast on Sunday, August 30th 2020. (Photo by Kevin Winter/MTV VMAs 2020/Getty Images for MTV)
961
⛈I'D RATHER BE DRY, BUT AT LEAST I'M ALIVE. RAIN ON ME. ⛈@ladygaga and @ArianaGrande win SONG OF THE YEAR at the 2020 #VMAs pic.twitter.com/Kyn6FmCml4
— Video Music Awards (@vmas) August 31, 2020
အခုနှစ်ရဲ့ နာမည်ကြီး တေးဂီတဆုပေးပွဲတခုဖြစ်တဲ့ MTV VMAs ဆုပေးပွဲအခမ်းအနားမှာ ပေါ့ပ်စတား လေဒီဂါဂါက ဆန်ခါတင်ဆု ၉ ခုထဲက ဆု ၅ ဆုရရှိခဲ့ပြီး ဆုအများဆုံး သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂါဂါဟာ Artist of the year ၊ Song of the Year ဆုတွေအပါအဝင် ဆု ၅ ဆုထဲမှာ MTV Tricon Award ကိုပါ ရရှိခဲ့တာဖြစ်ပြီး ဒီဆုက သူ့ရဲ့ ဂီတ၊ သရုပ်ဆောင်နဲ့ ဖက်ရှင်နယ်ပယ်တွေမှာ ထူးချွန်မှုအတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ဆုတဆု ဖြစ်ပါတယ်။ အဆိုတော်၊ တေးရေးဆရာ၊ သရုပ်ဆောင် မင်းသမီး၊ ထုတ်လုပ်သူ၊ စီးပွားရေးလုပ်ငန်းရှင်တဦးအနေနဲ့ အောင်မြင်နေခဲ့သူ လေဒီဂါဂါဟာ အသက် ၃၃ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေက ခက်ခဲခဲ့တဲ့ အချိန်တွေ ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၀၈ ခု နှစ်က ထွက်ရှိခဲ့တဲ့ Fame တေးအယ်လ်ဘမ်နဲ့အတူ ပရိသတ်တွေ လက်ခံအားပေးမှုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တာပါ။ လက်ရှိမှာတော့ ကမ္ဘာတလွှား ထင်ရှားတဲ့ သီချင်းတွေနဲ့အတူ ဂရမ်မီဆုတွေ အပါအဝင် တေးဂီတထူးချွန်ဆုတွေလည်း အများကြီး ရရှိထားပါတယ်။ နောက်ထပ် ထင်ရှားတာတွေထဲမှာတော့ လေဒီဂါဂါဟာ စိတ်ကျန်းမာရေးဝေဒနာ သည်တွေနဲ့ LGBT တွေ အခွင့်အရေးအတွက်လည်း တက်တက်ကြွကြွပါဝင်လေ့ရှိတဲ့ အနု ပညာရှင်တယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသမီးတဦးအဖြစ်ပါ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိ ခဲ့တဲ့ ဂီတဒရာမာရုပ်ရှင် A Star Is Born ရုပ်ရှင်နဲ့ သူ့ရဲ့ အနုပညာစွမ်းကို ထပ်မံပြသ နိုင်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးက ဒါရိုက် တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ တွဲဖက်ပါဝင်ထားတာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားနဲ့ လေဒီဂါဂါဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်တေး ရွှေကမ္ဘာလုံး ဆုအပါအဝင် တခြားထူးချွန်ဆုတွေနဲ့အတူ ဆန်ခါတင်စာရင်းတွေမှာ ပါဝင်ခဲ့ပြီး A Star Is Born ဟာ အအောင်မြင်ဆုံး ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့တာပါ။ ခုလတ်တလော MTV VMAs ဆုအများဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ အခမ်းအနားမှာလည်း ထုံးစံအတိုင်းပဲ ဂါဂါရဲ့ ဆန်းဆန်းပြားပြား ဖက်ရှင်တွေနဲ့အတူ တကမ္ဘာလုံးက ပရိသတ် တွေကို ဖမ်းစားထားနိုင်ခဲ့ပြန်ပါတယ်။ အခုနှစ်ရဲ့ အခမ်းအနားမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လူထုပရိသတ် အ ကန့်အသတ်နဲ့သာ ကျင်းပခဲ့ရတာဖြစ်ပြီး ခုကာလမှာ အားလုံး လိုက်နာဆောင်ရွက်သင့်တဲ့ Mask တပ်ဖက်ရှင်အလန်းစားတွေနဲ့ ဂါဂါက ပညာပေးလှုံ့ဆော်နိုင်ခဲ့ပြီး အားလုံးက သတိ ပြုမိစေခဲ့တာပါ။ “ဘယ်သူပဲဖြစ်ပါစေ ကိုယ့်ကိုယ်ကိုယ် မြတ်နိုးပါ။ ကြင်နာပါ။ Mask တပ်ပါ”လို့ ဂါဂါက ပရိသတ်တွေကို ပြောပါတယ်။ အခုနှစ်ရဲ့ MTV VMAs ဆုပေးပွဲကာလတွင်း ဆုလက်ခံရယူချိန်နဲ့ ဖျော်ဖြေတင်ဆက်ချိန်တွေမှာ ဂါဂါ တပ်ဆင်အလှပြခဲ့တဲ့ အလန်းစား Mask တွေကိုတော့ Reynolds Wrap ကုမ္ပဏီကနေ စပွန်ဆာပေးထားတယ်လို့လည်း ထင်ကြေးပေးနေကြတာ ဖြစ်ပါ တယ်။ ဂါဂါရဲ့နောက်မှာတော့ ကေပေါ့ပ်တေးဂီတအဖွဲ့ BTS နဲ့ တေးသံရှင် အေရီယန်နာ ဂရန်ဒီတို့က ဆု ၄ ဆုစီနဲ့ ရှိနေခဲ့ကြပြီး The Weeknd ကတော့ Video of the Year ဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။"Everyone always knew if they were hanging out with me that I was on a mission to spread joy through culture, through dance, through music." Congrats to @LadyGaga 💗 #GirlPower @SeeHer2020 #SeeHerHearHer #VMAs pic.twitter.com/RV6CI1n2MF
— MTV (@MTV) August 31, 2020