A d v e r t i s e m e n t With Us

သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၃ ဦးတွေ့ရှိ 

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ်  ၉၅ ဦးစာရင်းမှာ သင်္ဃန်းကျွန်းမြို့နယ်က လူနာ ၃ ဦး ပါဝင်တယ်လို့  မြို့နယ်ကျန်းမာရေးဦးစီးမှူးက အတည်ပြု ပြောကြားပါတယ်။ အဲ့ဒီ ၃ ယောက်လုံးက ပိုးတွေ့လူနာနဲ့ ထိတွေ့ဖူးတဲ့သူတွေမဟုတ်ဘဲ ပြည်တွင်းကူးစက် စောင့်ကြည့်လူနာတွေဖြစ်ပြီး ဖျားတာနဲ့ အနံ့ပျောက်တာတွေ ဖြစ်လာလို့ ဆေးရုံပြရာကနေ ဓာတ်ခွဲနမူနာရယူစစ်ဆေးစဉ် ရောဂါပိုးတွေ့ရှိတာလို့ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေး ဦးစီးမှူးက ပြောပါတယ်။ အခု ပိုးတွေ့တဲ့ အတည်ပြုလူနာ ၃ ယောက်ကတော့ သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက်က ၂ ဦးနဲ့ ဆယ်သိန်းရပ်ကွက်က ၁ ဦးတို့ဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါ အတည်ပြုလူနာ ပေါင်း ၈၈၇ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၃၄၇ ဦး စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိပါတယ်။ သင်းသင်းဇော်

A d v e r t i s e m e n t With Us

More News
Up