အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို  ပ-၃၀၇၆၆၆ နံပတ်က ဆွတ်ခူး

(၁၉) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို  ပ-၃၀၇၆၆၆ နံပတ်က ဆွတ်ခူးရရှိပါတယ်။ ဒီကနေ့ မနက်ပိုင်းက အောင်ဘာလေထီဆုဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ်ခဲ့ကာ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ပ-၃၀၇၆၆၆ နံပတ်က  ဆွတ်ခူးရရှိခဲ့တာပါ။ ဒါအပြင်ကျပ်သိန်းတစ်သောင်းဆုကို သ-၈၂၈၇၀၉ ကျပ်သိန်းငါးထောင်ဆုကို ဋ-၆၅၇၅၅၁ နဲ့ စ-၉၁၁၉၇၃ တို့က ဆွတ်ခူးရရှိခဲ့ပြီး အဲဒီနောက် အခြားဆုမဲ အသီးသီးကိုလည်း မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။ (၁၉) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ  (က) အက္ခရာမှ  (ကဃ)အက္ခရာအထိ အက္ခရာအလုံးရေ  ၃၇ လုံးဖြစ်ကာ ထီစာအုပ်စုစုပေါင်းအုပ်ရေသိန်း ၃၀ ကျော် ဖြစ်ပါတယ်။ ထီလက်မှတ်စာအုပ်တွေရောင်းရငွေမှာ ငွေကျပ်သန်းပေါင်း ၃၃၂ သန်း ကျော်ရရှိခဲ့ပြီး ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ်သန်းပေါင်း ၁၈၁၆၃ ဒသမ ၅၉၆ ကို ထီဆုငွေအဖြစ်ခွဲ ဝေချီးမြှင့်ပေးခဲ့ပါတယ်။ သတင်း-  နေလင်းအောင် 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up