A d v e r t i s e m e n t With Us

တောင်ဥက္ကလာပရှိ  အလှပြင်ဆိုင်က အမျိုးသမီး ၁ ဦး  ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းမကြီးရှိ  အိုမီဂါအလှပြင်ဆိုင်က အမျိုးသမီးတစ်ဦးဆီမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ခဲ့ကြောင်း ပိုးတွေ့လူနာနေထိုင်တဲ့ ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။ ပိုးတွေ့လူနာကို မနေ့ညကပဲ သယ်ဆောင်သွားပြီဖြစ်ပြီး သူနဲ့ ထိတွေ့သူတွေကို စစ်ဆေးနေတယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အလှပြင်ဆိုင်မှာ လူ ၅၀ ကျော်ရှိပြီး ကျန်းမာရေးဌာနက လတ်တလောစစ်ဆေးနေကြောင်း သူတို့ကို လတ်တလောမှာ အသွားအလာကန့်သတ်ထားတယ်လို့ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up