တောင်ဥက္ကလာပရှိ အလှပြင်ဆိုင်က အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့
ညီငယ်
·
September 1, 2020
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းမကြီးရှိ အိုမီဂါအလှပြင်ဆိုင်က အမျိုးသမီးတစ်ဦးဆီမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ခဲ့ကြောင်း ပိုးတွေ့လူနာနေထိုင်တဲ့ ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။
ပိုးတွေ့လူနာကို မနေ့ညကပဲ သယ်ဆောင်သွားပြီဖြစ်ပြီး သူနဲ့ ထိတွေ့သူတွေကို စစ်ဆေးနေတယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အလှပြင်ဆိုင်မှာ လူ ၅၀ ကျော်ရှိပြီး ကျန်းမာရေးဌာနက လတ်တလောစစ်ဆေးနေကြောင်း သူတို့ကို လတ်တလောမှာ အသွားအလာကန့်သတ်ထားတယ်လို့ဆိုပါတယ်။