A d v e r t i s e m e n t With Us

ကိုဗစ်လူနာအမှတ် ၇၇၁ နှင့်ထိတွေ့ခဲ့သည့် မော်လမြိုင်နေ ၂၁ ဦး ကွာရန်တင်းစခန်းဝင်  

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်နေ ကိုဗစ်-၁၉ လူနာနံပါတ် ၇၇၁ ထိတွေ့ခဲ့တဲ့ မော်လမြိုင်နေ ၂၁ ဦးကို  ကွာရန်တင်းစန်းသို့ ပို့ဆောင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။ လူနာနံပါတ် ၇၇၁ ဟာ သြဂုတ် ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ မော်လမြိုင်ကို လာရောက်ခဲ့ပြီး မုပွန် နတ်ကျွန်းရပ်ရှိ ဆွေမျိုး နေအိမ်မှာ တည်းခိုးခဲ့ကာ အဲဒီနောက် စစ်ကဲကုန်းရပ်ကွက်က ဆွေမျိုး နေအိမ်ကိုလည်း သွားရောက်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ဦးဘိုဘိုဝင်းက ပြောပါတယ်။ လက်ရှိမှာတော့ မုပွန်နတ်ကျွန်းရပ် နေထိုင်သူ  ၇ ဦးအပြင် စက်ကဲကုန်းရပ်နေထိုင်သူ ၁၄ ဦး၊ စုစုပေါင်း ၂၁ ဦးကို မော်လမြိုင် တက္ကသိုလ် ၁၀ မြို့နယ်အဆောင်ရှိ  ကွာရန်တင်းစခန်းကို ပို့ဆောင်လိုက်ထားပါတယ်။ အသက် ၃၂ အရွယ် လူနာနံပါတ် ၇၇၁ ဟာ သင်္ဘောသားဖြစ်ပြီး နိုင်ငံခြားသို့ သွားရောက်ဖို့ ကျန်းမာရေး စစ်ဆေးရာက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သြဂုတ် ၃၀ ရက် ညပိုင်းမှာ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

A d v e r t i s e m e n t With Us

More News
Up