A d v e r t i s e m e n t With Us

ကယားပြည်နယ်၌ ငွေကြေးစီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမရှိသည့်လုပ်ငန်း ၅ ခုကို စုံစမ်းစစ်ဆေးရန် တောင်းဆို

ကယားပြည်နယ်တွင်း သတ္တုသန့်စင်စက်ရုံတည်ဆောက်တာ အပါအဝင် တခြားလုပ်ငန်း ၅ ခုဆောင်ရွက်တာနဲ့ ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရေးနဲ့ တိုင်းရင်းသားအသင်းအဖွဲ့တွေထံ လှူဒါန်းတာတွေနဲ့ ပတ်သက်လို့  ပွင်းလင်းမြင်သာစွာ ချပြရှင်းလင်းပေးဖို့ ကယား(ကရင်နီ)ပြည် အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ ကယား(ကရင်နီ)ပြည် အရပ်ဖက်အဖွဲ့အစည်း ၂၃ ဖွဲ့က ကယားပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရအဖွဲ့ထံ ဩဂုတ် ၃၁ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုစာမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုးအား အများပြည်သူသိရှိနိုင်ဖို့ အတွက်  ငွေကြေးစီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမှုမရှိတဲ့  သတ္တုစက်ရုံ တည်ဆောက်ခြင်းနဲ့  စက်မှုဇုန် စီမံခန့်ခွဲလုပ်ဆောင်ခြင်း၊ ပန်းဥယျာဉ်မြေယာရှုခင်းလုပ်ငန်း၊ ဘာသာရေးဆိုင်ရာ အလှူဒါန်းမှုတွေနဲ့ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့တွေကို ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ ပြည်နယ် ဝန်ကြီးချုပ် ခရီးစဉ်တိုင်းမှာ ပေးဝေတဲ့ ငွေကြေးဆိုင်ရာကိစ္စ၊ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်တာနဲ့  ပန်းအလှဆင် လုပ်ငန်းတွေအ အကြောင်းကိုပါ  စုံစမ်း စစ်ဆေးပေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ လွှတ်တော်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်နေတဲ့အပေါ် ကြိုဆို အသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့မှုနဲ့ ပတ်သက်လို့  ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ကယား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ‌လေးပုံတစ်ပုံက စွပ်စွဲပြစ်တင်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up