ကိုဗစ်-၁၉ လူနာသစ် ၅ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာ ပေါင်း ၈၈၇ ဦးအထိရှိလာ
DVB
·
September 1, 2020
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅ ဦးထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၃၅၆ ခု၊ နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၅၅ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၅ ဦးတွေ့ရှိတာပါ။
မနေ့ညကလည်း လူနာသစ် ၉၅ ဦးတွေ့ရှိတယ်လို့ ထုတ်ပြန်ထားပြီး ဓာတ်ခွဲနမူနာ ၂,၁၅၂ ခုအား စစ်ဆေးခဲ့ရာမှာ မနေ့ညနဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်အရ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၀၀ ဦး တွေ့ရှိခဲ့တာပါ။
ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၀ ဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
စက်တင်ဘာ ၁ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ပေါင်း ၈၈၇ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၄၇ ဦး စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိပါတယ်။