A d v e r t i s e m e n t With Us

သရုပ်ဆောင်မိုးအောင်ရင် ရုံးချိန်းပျက်ကွက် 

သရုပ်ဆောင်မိုးအောင်ရင် ရုံးချိန်းတွေပျက်ကွက်နေတာကြောင့် နှစ်ဖက်စလုံးအတွက် နစ်နာမှုတွေရှိနေတယ်လို့ တရားလို မခင်မြတ်နိုးက  ပြောပါတယ်။ ရန်ကင်းမြို့နယ်တရားရုံးမှာ၂၀ ကြိမ်မြောက်ရုံးချိန်းအဖြစ် သရုပ်ဆောင်မိုးအောင်ရင်အမှုကို စစ်ဆေးဖို့ချိန်းဆိုခဲ့ပေမယ့် မိုးအောင်ရင် ဆေးခွင့်ကိုယ်တိုင်လာရောက် တိုင်ကြားခဲ့တဲ့အတွက် ရုံးချိန်း မစစ်ဆေးဖြစ်ခဲ့ပါဘူး။  နောက်ရုံးချိန်းကို စက်တင်ဘာလ ၁၅ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပြီး သရုပ်ဆောင် မိုးအောင်ရင်ကို စစ်ဆေးသွားမှာပါ။  အခုအမှုကို ရက်ပေါင်း ၁၆၀ နဲ့အပြီးစစ်ဖို့ မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ထားပေမယ့် ကိုဗစ်အခြေအနေကြောင့် အမှုက မကြာသင့်ဘဲကြာနေရတယ်လို့ တရားလိုကပြောပါတယ်။ ဒါ့အပြင် မိုးအောင်ရင်ကလည်း ရုံးချိန်းတွေပျက်ကွက်နေတဲ့အတွက် နှစ်ဖက်စလုံး နစ်နာမှုတွေ ရှိနေပြီး အမြန်ဆုံးအမှုမှန်ပေါ်ကာ ပြီးပြတ်စေချင်ပြီလို့ ဆိုပါတယ်။  မိုးအောင်ရင်ကို ရန်ကင်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ နဲ့ စွဲချက်တင် အမိန့်ချမှတ်ခဲ့တဲ့အပေါ် မိုးအောင်ရင်ဘက်က မကျေနပ်တဲ့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကို ပြင်ဆင်ချက် လျှောက်ထားခဲ့ပါတယ်။ ဒီပြင်ဆင်ချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချခဲ့ပြီး စွဲချက်အမိန့်ကို အတည်ပြုခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up