ငွေရေးကြေးရေး အခက်အခဲကြောင့် အန်အယ်လ်ဒီ သတင်းစာ မထုတ်နိုင်
DVB
·
June 19, 2013
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်နဲ့ ထုတ်ဝေခွင့် လိုင်စင်ကျထားတဲ့ ဒီလှိုင်း နေ့စဉ် သတင်းစာ ထုတ်ဝေဖို့အတွက် ငွေရေးကြေးရေး မပြည့်စုံတာကြောင့် ခုချိန်ထိ ထုတ်ဝေနိုင်ခြင်း မရှိသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရ ဦးဥာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
အခက်အခဲတွေကြောင့် တော်ရုံထုတ်ဝေနိုင်ဖို့လည်း မလွယ်သေးဘူးလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်အထိ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနဟာ မြန်မာဘာသာနဲ့ ပုဂ္ဂလိက သတင်းစာ ၂၄ စောင်ထုတ်ဝေခွင့်ပြုခဲ့ရာမှာ ဇွန်လ ၁၈ ရက်နေ့အထိ ၁၅ စောင် ထုတ်ဝေခဲ့ကြပြီး ဖြစ်ပါတယ်။ နောက်ဆုံး ထုတ်ဝေခဲ့တဲ့ ပုဂ္ဂလိက သတင်းစာကတော့ “အင်ပါယာ” နေ့စဉ် သတင်းစာပဲ ဖြစ်ပါတယ်။