A d v e r t i s e m e n t With Us

ဟောင်ကောင်တွင် လူ ၃ သိန်းခွဲကျော် ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမည်

ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စက်တင်ဘာ ၁ ရက်ကစပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရှိ၊ မရှိ တရုတ်ပြည်မကြီးရဲ့ အကူအညီနဲ့ စစ်ဆေးမယ့် အစီအစဉ်ကို ကြေညာထားပါတယ်။ စမ်းသပ်ခံဖို့ ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လူ ၃ သိန်းခွဲကျော်ဟာ သြဂုတ် ၃၀ မှာ အွန်လိုင်းကနေ စာရင်းသွင်းခဲ့ကြပါတယ်။ စနေနေ့အထိ အတည်ပြုချက်အရ ဟောင်ကောင်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄,၇၈၆ ယောက်နဲ့ သေဆုံးသူ ၈၇ ယောက်ရှိပြီလို့ သိရပါတယ်။ အများပြည်သူတွေကို စစ်ဆေးစမ်းသပ်ပေးမှုဟာ ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံတွေကို တတ်နိုင်သမျှ အမြန်ဆုံးဖော်ထုတ်ရာမှာ ကူညီနိုင်မယ်၊ ဒါမှ ဗိုင်းရပ်ကူးစက်မှု ကွင်းဆက်ကို ရှာဖွေ ဖြတ်တောက်နိုင်မယ်လို့ ဒေသန္တရ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။ ပါဝင်စမ်းသပ်ခံဖို့ ဆန္ဒရှိတဲ့ ဘယ်သူမဆို နာမည်၊ ဖုန်းနံပါတ်၊ ဟောင်ကောင်သား မှတ်ပုံတင်၊ ဒါမှမဟုတ် မွေးစာရင်းနံပါတ်တို့ အပါအဝင် ရိုးရှင်းတဲ့ ကိုယ်ရေးအချက်အလက်တွေကို အွန်လိုင်းကနေ ပေးဖို့သာ လိုအပ်ပြီး စမ်းသပ်ခံမယ့် ရက်စွဲ၊ အချိန်နဲ့ နေရာကို ဒေသခံတွေက ရွေးနိုင်ပါတယ်။ စမ်းသပ်မှုအတွင်း ဟောင်ကောင်အစိုးရကို ကူညီဖို့ တရုတ်ဗဟိုအစိုးရက ဆေးဘက်ဝန်ထမ်း အယောက် ၂၂၀ ကျော်ကို ဟောင်ကောင်ဒေသဆီ စေလွှတ်ပြီးပါပြီ။ အခမဲ့စမ်းသပ်ဖို့ အာခေါင်တို့ဖတ်ယူမယ့် ဌာနပေါင်း ၁၄၁ ဌာနကို ပြင်ဆင်ထားပြီး ယာယီဓာတ်ခွဲခန်း ၁၆ ခန်းကိုလည်း ဆွန်ယက်ဆင် အမှတ်တရ အားကစားရုံထဲမှာ အသင့်ပြင်ထားပြီးပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up