Home
မြန်မာသတင်း
ညောင်ဦးက စက်လှေမှောက်ပျောက်ဆုံးနေသူ အမျိုးသမီးအလောင်းပြန်တွေ့
DVB
·
August 31, 2020
118404414_2748824375360970_5978485790683882641_n
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်က အပျော်တမ်းလှေစီးပြီး လှေမှောက်ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီး နှစ်ဦးထဲက တစ်ဦးရဲ့ အလောင်းကို ညောင်ဦးမြို့နယ် ကြအိုကျွန်းကျေးရွာရေဆိပ်မှာ မနေ့ညနေပိုင်းက တွေ့ရှိပါတယ်။ ပြန်တွေ့တာဟာ ရေနစ်ပြီးပျောက်နေသူ နှစ်ဦးထဲက အသက်၂၈ နှစ်အရွယ် မကောင်းမြတ်ရဲ့ အလောင်းဖြစ်တယ်လို့ သက်ဆိုင်ရာက အတည်ပြုထားပြီး အသက် ၂၄ နှစ်အရွယ် မခိုင်ကိုတော့ တွေ့ရှိခြင်းမရှိသေးဘူးလို့   ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။ သြဂုတ် ၂၆ ရက် ညနေပိုင်းက ညောင်ဦးမြို့ ပုန်ရည်ကြီးလုပ်သားဖြစ်တဲ့ မြတ်လေးကိုက စက်​လှေ​ကို အမှတ် ၁ ရပ်ကွက်​သီရိမင်္ဂလာရပ်နေသူတွေနဲ့အတူ ​ချောက်ဘုရားလှဆိပ်ကနေ ဧရာဝတီမြစ်အတွင်း လှည့်လည်နေချိန် သာယာဝတီဆိပ်ကမ်းအနီး​ ရပ်တန့်ထားတဲ့ ပန်​တော်သ​င်္ဘော​အောက်ကို ဝင်​ရောက်တိမ်း​မှောက်ခဲ့လို့ လှေပေါ်ပါ ၁၆ ဦးထဲက အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေတာပါ။ ဒီဖြစ်စဉ်ပတ်သက်ပြီး စက်လှေမောင်းသမား မြတ်လေးကို ကိုညောင်ဦးမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024