Home
မြန်မာသတင်း
မောင်တောမြို့က ကိုဗစ်လူနာ  ၁၉ ဦးနှင့် ထိတွေ့ခဲ့သူ ၁၀၀ ကျော်တွင် ပိုးမတွေ့
DVB
·
August 31, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၉ ဦးနဲ့ ထိတွေ့ခဲ့သူ ၁၀၀ ကျော်မှာအားလုံးရဲ့ ရောဂါပိုးမတွေ့ရှိဘူးလို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နုကေသီစံက "စစ်ဆေးတာအားလုံး ၁၀၂ ဦးလုံး Negative ဖြစ်တယ်။ သူတို့အားလုံးကိုတော့ Quarantine ၂၁ ရက်မပြည့်မီ ဒုတိယအကြိမ် စစ်ဆေးရပါအုံးမယ်။"လို့ ဒီဗွီဘီကိုပြောပါတယ်။ အဆိုပါစစ်ဆေးသူ ၁၀၂ ဦးမှာ မောင်တောမြို့ ကိုဗစ်ရောဂါပိုးတွေ့ရှိထားသူ အတည်ပြု လူနာ၁၉ ဦးနဲ့ ထိတွေ့ခဲ့သူတွေပါဝင်သလို စစ်တွေမြို့က ပြန်လာသူတွေလည်းပါဝင်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ် ၁၀၂ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ဓာတ်ခွဲစစ်ဆေးဖို့ သြဂုတ် ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်လိုက်တာဖြစ်ပြီး သြဂုတ် ၃၀ ရက် ည ၈ နာရီမှာ စစ်ဆေးချက်အဖြေသိရှိခဲ့ရတာလို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။ လက်ရှိမှာ မောင်တောခရိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လက်ရှိ ၂၅ ဦးအထိ ရှိနေပြီး ဘူးသီးတောင်မြို့မှာ ၆ ဦး၊ မောင်တောမြို့မှာ ၁၉ ဦးတို့ကို သက်ဆိုင်ရာပြည်သူ့ဆေးရုံတွေမှာ အထူးကြပ်မတ် ဆေးကုသပေးနေပါတယ်။ သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024