A d v e r t i s e m e n t With Us

ကိုဗစ်ကာလ မက္ကဆီကိုစီးတီးတွင် စက်ဘီးအသုံးပြုသူ များလာ

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ ဆိုးရွားကြန့်ကြာနေတဲ့ ယာဉ်ကြောပိတ်ဆို့မှု သက်သာစေရေး လူတွေ စက်ဘီးစီးကြဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ အခက်အခဲကို ရင်ဆိုင်နေရတာ ကြာပါပြီ။ ခုတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာ ပိတ်ပင်ကန့်သတ်ချက်အတွင်း စက်ဘီးဆိုင်တွေ အလုပ်ဖြစ်လာပါတယ်။ လူဦးရေ သန်း ၂၀ ကျော်ရှိတဲ့ မက္ကဆီကိုစီးတီးမြို့တော်မှာ သယ်ယူပို့ဆောင်ရေး ကွန်ရက် ကျောရိုးက မြေအောက်မီးရထားစနစ်ပါ။ ရောဂါကပ်ဘေး မဆိုက်ခင်က တရက်ကို လူ ၅ သန်းကို သယ်ယူပို့ဆောင်ပေးနေပေမယ့် ရထားတွဲတွေမှာ လူတွေ ကြပ်ညပ်နေပါတယ်။ ကပ်ဘေးကာလ လူချင်းခွာနေရချိန်မှာတော့ လမ်းသွားလမ်းလာတွေဟာ ကားလမ်းတွေ ပေါ်မှာ ကားအရေအတွက် လျော့ကျလာတာကို အခွင့်ကောင်းယူပြီး ဗိုင်းရပ်စ်ကူးစက်မှု ကင်းဝေးအောင် စက်ဘီးစီးနေကြပါတယ်။  ဒေသန္တရအစိုးရကလည်း စက်ဘီးရောင်းအား အရှိန်မြင့်လာတာကို တုံ့ပြန်တဲ့အနေနဲ့ မြို့ပြစီမံရေး ပရောဂျက်အသစ်တွေကို ချမှတ်နေပါတယ်။ လတ်တလောမှာ လမ်းသွားလမ်းလာတွေ ဘေးကင်းရေး စက်ဘီးစီးသူတွေအတွက် သီးသန့်လမ်း မိုင်ပေါင်း ၄၃ မိုင်ကို ဖောက်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up