Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သူ သိန်း ၃၄၀ ခန့်နှင့် မှီခိုသူဦးရေ သိန်း ၁၇၀ ကျော်ရှိ
ပိုင်စိုး
·
August 31, 2020
မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်သူဦးရေ သိန်း ၃၄၀ လောက်ရှိပြီး မှီခိုသူဦးရေဟာ သိန်း ၁၇၀ ကျော်ရှိတယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်မှာ ဖော်ပြထားပါတယ်။ ဒီသန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ကောက်ယူခဲ့တာဖြစ်ပြီး ပထမဆုံးအဆင့်ကို ထုတ်ပြန်လိုက်တာပါ။ အသက် ၁၅ နှစ်အောက် ကလေး မှီခိုသူပေါင်း သိန်း ၁၄၀ လောက် (၄၀ ရာခိုင်နှုန်းကျော်)၊ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုမှီခိုသူပေါင်း ၃၂ သိန်းကျော် (၉ ဒသမ ၇ ရာခိုင်နှုန်း) ရှိပါတယ်။ ဒီမှီခိုသူအချိုးဟာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် အသက် ၁၅ နှစ်ကနေ ၆၄ နှစ်အရွယ် အယောက် ၁၀၀ ရဲ့အပေါ်မှာ ရှိနေတဲ့ မှီခိုသူတွေကို တွက်ချက်ထားတာပါ။ အလုပ်အကိုင်ရရှိမှုမှာတော့ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်အထိ အသက်အရွယ်မှာ အလုပ်အကိုင်ရှိသူပေါင်း သိန်း ၂၂၀ ကျော်ရှိပြီး လုပ်သားအင်အားစာရင်းမှာ မပါသူ ၈၅ သိန်းကျော်၊ အလုပ်လက်မဲ့ ၂ သိန်း ၇ သောင်းကျော်ရှိပါတယ်။ ကျား၊ မ အလိုက် အလုပ်လုပ်သူထဲမှာတော့ အမျိုးသားတွေက ပိုများတာကို တွေ့ရပါတယ်။ ကြားဖြတ်သန်းခေါင်စာရင်းအရ အမျိုးသမီးအယောက် ၁၀၀ မှာ အမျိုးသား ၈၈ ယောက်ရှိ ပြီး အမျိုးသမီး အိမ်ထောင်ဦးစီးကတော့ လေးပုံတပုံလောက် (၂၃ ရာခိုင်နှုန်းကျော်) ရှိပါတယ်။ ပြီးခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့ပြီး နောက်တကြိမ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကိုတော့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ကောက်ယူမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024