A d v e r t i s e m e n t With Us

အိန္ဒိယတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၇၈၇၆၁ ဦးတွေ့ရှိ

အိန္ဒိယနိုင်ငံမှာတော့ ဩဂုတ် ၃၀ တရက်တည်းမှာ ဗိုင်းရပ်စ်ကူးစက်ခံ လူနာသစ် ၇၈,၇၆၁ ယောက်ထိ ရှိသွားပြီလို့ ဇူလိုင်လအလယ်တုန်းက အမေရိကန်မှာ စံချိန်တင်ခဲ့တဲ့ တရက်တည်း အသစ်ကူးစက်ခံ လူဦးရေ ၇၇,၂၉၉ ယောက်ကို ကျော်သွားခဲ့ပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၈၄၀,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ တနှစ်အတွင်း ဆိုးရွားပြင်းထန်တဲ့ တုပ်ကွေးအဖျားလူနာ အရေအတွက်ထက် ၅ ဆထက်မနည်း ပိုများနေတာလည်း ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံ အိန္ဒိယဟာ အမေရိကန် နဲ့ ဘရာဇီးတို့နောက်မှာ ကိုဗစ်-၁၉ ကူးစက်မှု တတိယအများဆုံး ဖြစ်ပါတယ်။  အိန္ဒိယနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၆၄,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၂ ဒသမ ၇ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up