A d v e r t i s e m e n t With Us

ဦးနေဝင်းမိသားစုက ရခိုင်ပြည်နယ်က စစ်သည်များအတွက် ကျပ်သိန်း ၁၀၀ လှူဒါန်း   

တပ်မတော်ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မိသားစုက ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်တွေအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းလိုက်ပါတယ်။ ဩဂုတ် ၂၈ ရက် မနက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အရာရှိနှစ်ထပ်ရိပ်သာခန်းမှာ လှူဒါန်းခဲ့တာဖြစ်ပြီး အလှူငွေတွေကို  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ ဓာတ်ပုံ- DSINFO

A d v e r t i s e m e n t With Us

More News
Up