အီတလီကမ်းရိုးတန်းတွင် လှေမီးလောင်ပြီး ရွှေ့ပြောင်းသွားလာသူ ၃ ဦးသေဆုံး

အီတလီနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းနားမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ လှေတစီး သြဂုတ် ၃၀ ရက်မှာ မီးလောင်လို့ ရွှေ့ပြောင်းနေထိုင်သူ ၃ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ရဲနဲ့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ တခြားရွှေ့ပြောင်းသွားလာသူ ၅ ဦးလည်း ဒဏ်ရာရလို့ ဆေးရုံတင် ကုသပေးထားရတယ်လို့ အီတလီ ဆိပ်ကမ်းမြို့ ခရိုတုန်းက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို ကယ်ဖို့ ကြိုးစားခဲ့တဲ့ ရဲအရာရှိ ၂ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

//
More News
Up