မန်ယူအသင်းကို ပြောင်းရွှေ့မည်ဟု အေဂျက်ဇ်အသင်းဖော်များကို ဗန်ဒီဘိခ် အသိပေး

1.4K
အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့မယ်လို့ အသင်းဖော်တွေကို ပြောခဲ့တယ်လို့ သတင်းထွက်လာပါတယ်။
အသက် ၂၃ နှစ်ရှိ ဟော်လန်ကွင်းလယ်လူ ဗန်ဒါဘိခ်ကို မန်ယူအသင်းက ခေါ်ယူလိုနေပြီး ဘာစီလိုနာနဲ့စပါးအသင်းတွေကလည်း စိတ်ဝင်စားနေတာပါ။
စပိန်သတင်းစာ Sport ရဲ့အဆိုအရ ဗန်ဒီဘိခ်ဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ အေဂျက်ဇ်အသင်းဖော်တွေကို အသိပေးထားပြီး တပတ်အတွင်းမှာ မန်ချက်စတာကိုထွက်ခွာမယ်လို့ ဖော်ပြခဲ့ပါတယ်။
ဗန်ဒီဘိခ်ကို ဟော်လန်နည်းပြ ရော်နယ် ကိုးမန်းကလည်း ဘာစီလိုနာအတွက် ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။
အေဂျက်ဇ်အသင်းဘက်ကတော့ ဗန်ဒီဘိခ်အတွက် ပေါင်သန်း၅၀ ဈေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကွင်းလယ်လူဗန်ဒီဘိဟာ ပြီးခဲ့တဲ့ရာသီက လိဂ်မဖျက်သိမ်းခင်အထိ ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။