Home
မြန်မာသတင်း
ပြည်ပခရီးသွားရာဇဝင်မရှိသည့် ရခိုင်နှင့် ရန်ကုန်တိုင်းမှ ၂၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
August 30, 2020
ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ရခိုင်ပြည်နယ်က ၂၁ ဦးနဲ့ ရန်ကုန်တိုင်းက ၅ ဦး၊ စုစုပေါင်း ၂၆ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၇၀ ခု၊ ဆေးသုတေသနဦးစီးဌာနက  ဓာတ်ခွဲနမူနာ ၄၁၉ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၆၄ ခု၊ စုစုပေါင်း ၁,၂၅၃ ခု အား ဒီနေ့ည စစ်ဆေးပြီးစီးခဲ့ရော လူနာသစ် ၂၆ ဦး တွေ့ရှိခဲ့တာပါ။ ရခိုင်ပြည်နယ် စစ်တွေမြို့က လူနာသစ် ၈ ဦး၊ မင်းပြား ၄ ဦး၊ ပေါက်တောက ၆ ဦး၊ ပုဏ္ဏားကျွန်းက ၂ ဦး၊ ကျောက်တော်က ၁ ဦး၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်က ၂ ဦး၊ မင်္ဂလာဒုံ ၁ ဦးနဲ့ မြောက်ဒဂုံက ၁ ဦးနဲ့ ပုဇွန်တောင်က ၁ ဦးတို့ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံးကို သက်ဆိုင်ရာ ဆေးရုံအသီးသီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၇၅ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၂ ဦးအနက် ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၄၇ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၅၃ ဦးရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၈၄၀,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024