A d v e r t i s e m e n t With Us

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းများ ကော်မရှင်ကြေညာ

နိုင်ငံရေးပါတီအသီးသီးက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းတွေကို ဒီကနေ့ မနက် ၉ နာရီကစပြီး သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ကြေညာပေးထားပါတယ်။  ကိုယ်စားလှယ်လောင်းတွေရဲဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်၊ ပါတီလိုဂိုတွေကို ပူးတွဲ အတည်ပြုကပ်ထား ကြေညာပေးနေတာပါ။  ကိုယ်စားလှယ်လောင်းစာရင်းကို ကော်မရှင်က အတည်ပြုကြေညာပေးပြီးဖြစ်တဲ့အတွက် စက်တင်ဘာ ၈ ရက်နေ့ကစတင်ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးခွင့်ရတော့မှာဖြစ်ပါ တယ်။  မဲဆွယ်စည်းရုံးခွင့်ရတော့မယ်ဆိုပေမဲ့ ကိုဗစ်ကူးစက်ရောဂါပိုး ဒုတိယလှိုင်းကာလ ဖြစ်နေတဲ့အတွက် မဲဆွယ်စည်းရုံးတဲ့နေရာမှာ အခက်အခဲရှိတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up