ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းများ ကော်မရှင်ကြေညာ
DVB
·
August 30, 2020
နိုင်ငံရေးပါတီအသီးသီးက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းတွေကို ဒီကနေ့ မနက် ၉ နာရီကစပြီး သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ကြေညာပေးထားပါတယ်။
ကိုယ်စားလှယ်လောင်းတွေရဲဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်၊ ပါတီလိုဂိုတွေကို ပူးတွဲ အတည်ပြုကပ်ထား ကြေညာပေးနေတာပါ။
ကိုယ်စားလှယ်လောင်းစာရင်းကို ကော်မရှင်က အတည်ပြုကြေညာပေးပြီးဖြစ်တဲ့အတွက် စက်တင်ဘာ ၈ ရက်နေ့ကစတင်ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးခွင့်ရတော့မှာဖြစ်ပါ တယ်။
မဲဆွယ်စည်းရုံးခွင့်ရတော့မယ်ဆိုပေမဲ့ ကိုဗစ်ကူးစက်ရောဂါပိုး ဒုတိယလှိုင်းကာလ ဖြစ်နေတဲ့အတွက် မဲဆွယ်စည်းရုံးတဲ့နေရာမှာ အခက်အခဲရှိတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။