ကိုလံဘီယာစစ်တပ်ချထားရုံဖြင့် အစုအပြုံလိုက် သတ်ဖြတ်မှုများ မဟန့်တားနိုင်ဟု လုံခြုံရေး အရာရှိပြော

972
ကိုလံဘီယာနိုင်ငံအတွင်း လတ်တလောကာလမှာ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကို စစ်တပ် ချထားရုံနဲ့ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ အဆင့်မြင့်လုံခြုံရေးအရာရှိ တယောက်က ဒီ သီတင်းပတ်ထဲမှာ ပြောလိုက်ပါတယ်။
နိုင်ငံတွင်းအကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် အဓိကသော့ချက်ဟာ လူမှုရေး ရင်းနှီးမြှုပ်နှံမှုကို အာရုံစိုက်ခြင်းပဲလို့လည်း သူက ပြောပါတယ်။
ကျန်ခဲ့တဲ့သီတင်းပတ် ၂ ပတ်အတွင်း မူးယစ်ကုန်ကူးသူတွေပါဝင်တဲ့ အုပ်စုတွေကြား ပြိုင်ဆိုင်မှုကြောင့် ဒေသတွင်း သီးခြားတိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။
ဒါကြောင့် ကိုလံဘီယာနိုင်ငံသားတွေ ဒေါသထွက်ခဲ့သလို လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကလည်း ဝေဖန်ရှုံ့ချခဲ့ကြပါတယ်။
နာရီနိုခရိုင်အတွင်း တိုက်ခိုက်မှု ၂ ရပ်ကြောင့် လူ ၁၄ ယောက် သေဆုံးပြီး ကောင်ကာ၊ အာရောင်ကာနဲ့တခြားဒေသတွေမှာ လူ ၆ ယောက်လောက် သေဆုံးခဲ့ပါတယ်။
သတ်ဖြတ်မှုဖြစ်တဲ့ဒေသတွေမှာ မူးယစ်ကုန်ကူးမှုနဲ့တရားမဝင် သတ္ထုတူးဖော်မှုတွေ ဖြစ်နေ ကျလို့ သမ္မတရဲ့ လုံခြုံရေး အကြံပေး ရာဖှဲဂွါရင်းမ်က ရုပ်သံပွဲစဉ်မှာ ပြောပါတယ်။
အကြမ်းဖက်မှု မြင့်မားတဲ့ ဒေသတွေထဲမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အရှိန်မြှင့်ရေးဟာ အစိုးရရဲ့ မူဝါဒအစိတ်အပိုင်းတရပ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ကိုလံဘီယာနိုင်ငံအတွင်း ဆယ်စုနှစ်ချီပဋိပက္ခထဲမှာ မူးယစ်ကုန်ကူးမှုလည်း အဓိက ပါဝင်နေပါတယ်။
လူ ၂ သိန်း ၆ သောင်းကျော် သေဆုံးခဲ့ရပြီး လူသန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ ကြရပါတယ်။