အိန္ဒိယတွင် အခက်အခဲကြုံနေသည့် မြန်မာ အယောက် ၉၀ ကို ပြန်ခေါ်
DVB
·
August 30, 2020
အိန္ဒိယနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် အိန္ဒိယနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ ကို မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ခေါ်ခဲ့တာဖြစ်ပြီး မနေ့ည ၆ နာရီကျော်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြန်ရောက်လာသူတွေ ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေး တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာ ၅ ကြိမ်ရှိပြီလို့ သိရပါတယ်။