A d v e r t i s e m e n t With Us

ရုရှားသမ္မတပူတင်ကို ပြည်သူထောင်ချီ ဆန္ဒပြ

ဒေသတွင်း နိုင်ငံရေး အကျပ်အတည်းကို သမ္မတ ဗလာဒီမီယာပူတင်ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံ အရှေ့စွန်းပိုင်းက ခါဘာရို့ဗ်စ်ခ်မြို့မှာ သြဂုတ် ၂၉ ရက်က ထောင်ချီတဲ့ပြည်သူတွေ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြကြပါတယ်။ ဒါ့အပြင် သမ္မတပူတင်ကို လူသိရှင်ကြား အဝေဖန်ဆုံး အတိုက်အခံ နိုင်ငံရေးသမား အလက်ဇီ နာဗယ်ညီ သောက်တဲ့ လက်ဖက်ရည်ထဲမှာ အဆိပ်ခတ်ခံရတယ်ဆိုတဲ့ သံသယကြောင့်လည်း အခုလို ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ မြို့လယ် အဓိကလမ်းတလျှောက် ချီတက်ရင်း ‘ပူတင်ရေ… လက်ဖက်ရည် သောက်ပါဦး’လို့ ကြွေးကြော်ကြပါတယ်။ အသက် ၄၄ နှစ်အရွယ် နာဗယ်ညီဟာ လေဆိပ်ကော်ဖီဆိုင်မှာ လက်ဖက်ရည်သောက် အပြီး ဆိုးဆိုးရွားရွား နေမကောင်းဖြစ်ခဲ့လို့ အရင်အပတ်က ဂျာမနီကို လေယာဉ်နဲ့ ကယ်ထုတ်ခဲ့ရပါတယ်။ သူဟာ ခုတော့ ဘာလင်ဆေးရုံမှာ မေ့မြောနေလျက် ဆေးကုသ ခံယူနေပါတယ်။  ဇူလိုင် ၉ ရက်က ခါဘာရော့ဗ်စ်ခ် ဒေသန္တရအုပ်ချုပ်ရေးမှူး ဆာဂီဖာဂယ်ဟာ လူသတ်မှုနဲ့ စွပ်စွဲခံရအပြီး ဒေသခံတွေက အပတ်စဉ် ချီတက်ပွဲကို စခဲ့ကြတာပါ။ ဖာဂယ်ကိုဖမ်းတာဟာ နိုင်ငံရေးအရ အကွက်ရွှေ့တာလို့လည်း ထောက်ခံသူတွေက ပြောပါတယ်။ ဖာဂယ်ကို ချက်ချင်း လွှတ်ပေးဖို့နဲ့ မြို့ကို ပြန်ခွင့်ပေးဖို့ကိုလည်း  ထောက်ခံသူတွေက တောင်းဆိုကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up