ဆရာဟောင်း ရော်နယ်ကိုးမန်း၏ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရန် မာနေး စိတ်ဝင်စား

လီဗာပူး တိုက်စစ်မှူး မာနေးဟာ ဆရာဟောင်းဖြစ်သူ ရော်နယ်ကိုးမန်းရဲ့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။  စပိန်သတင်းတွေရဲ့အဆိုအရ မာနေးဟာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ဥရောပချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့ပြီး ဖြစ်တာကြောင့် နောက်ထပ် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်သွားလိုတယ်လို့ သိရပါတယ်။ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုရဲ့အဆိုအရ မာနေးအနေနဲ့ လီဗာပူးအသင်းနဲ့ အောင်မြင်မှုရခဲ့ပေမဲ့ တဦးချင်း ဆုတံဆိပ်တွေကို ဆာလက်၊ ဟန်ဒါဆန်နဲ့ ဗန်ဒိုက်တို့ကသာ ရခဲ့တဲ့အပေါ်မှာ စိတ်ခံစားမှုရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဟော်လန်နည်းပြ ရော်နယ်ကိုးမန်းနဲ့ မာနေးတို့ဟာ ဆောက်သမ်တန်အသင်းမှာ ၂ နှစ်ကြာ အတူလက်တွဲခဲ့ဖူးကြတာပါ။ ဘာစီလိုနာမှာ မက်ဆီ ဆက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မာနေးအနေနဲ့ ဆရာဟောင်း ရော်နယ်ကိုးမန်းနဲ့ ပြန်လည်တွေ့ဆုံလိုနေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

//
More News
Up