A d v e r t i s e m e n t With Us

ရန်ကုန်တွင် နှာ​ခေါင်းစည်းမတပ်ပါက ဒဏ်ပြန်ရိုက်မည်

ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာပြီးနောက် ရန်ကုန်တိုင်းအတွင်း နှာ​ခေါင်းစည်းမတပ်ရင် ဒဏ်တပ်အရေးယူမယ့်အစီအစဉ် အခုရက်ပိုင်းအတွင်း ပြန်စမယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ​ရောဂါပိုးကူးစက်မှု​တွေ ရှိလာပြီး​နောက် မေလ ဒုတိယပတ်ကစပြီး ​ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ နှာ​ခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်အ​ရေးယူတဲ့ အစီအစဉ် စတင်ခဲ့ပြီး​နောက် ကူးစက်မှုအရှိန်​လျော့သွားတဲ့ ဇူလိုင်နဲ့ သြဂုတ်လလယ်ပိုင်း​တွေအထိ ဒဏ်ရိုက်တဲ့အစီအစဉ် ရပ်နားခဲ့တာပါ။ အခုသြဂုတ်လ တတိယပတ်ကစလို့ ပြည်တွင်းကူးစက်မှု တ​ကျော့ပြန်​တွေ့လာရပြီး ကူးစက်မှု အရှိန်မြင့်လာတာ​ကြောင့် လူ​နေထူထပ်တဲ့နေရာတွေမှာ နှာ​ခေါင်းစည်းမတပ်ရင်  ဒဏ်ရိုက်မယ့်အစီအစဉ်ကို အခုရက်ပိုင်းအတွင်း ပြန်လည်စတင်​တော့မယ်လို့ ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ လူမှု​ရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကို​ ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်​တွေမှာ ပြည်တွင်းကူးစက်မှု​ အရှိန်မြင့်လာပြီး​နောက် စစ်​တွေက ပြန်လာတဲ့ ရန်ကုန်​နေသူတချို့ ​ရောဂါပိုး ဘယ်ကကူးမှန်းမသိတဲ့ ပိုး​တွေ့လူနာ​တွေလည်း ရှိလာပါတယ်။ မြန်မာပြည်မှာ ကိုဗစ်-၁၉ ​ရောဂါစဖြစ်ကတည်းက ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြား​ချက်​တွေဖြစ်တဲ့ နှာ​ခေါင်းစည်းတပ်ဖို့၊ လူစုလူ​ဝေး​​နေရာ​တွေမသွားဖို့ ဆိုတာ​​တွေ ပြန်မရုပ်သိမ်းရ​သေး​ကြောင်း၊ အ​ရေးယူခဲ့တဲ့ဖြစ်စဉ်တွေလည်း ​ထောင်နဲ့ချီရှိ​ကြောင်း၊ အခု​နောက်ပိုင်း ဆက်ပြီးအ​ရေးအယူ​တော့တဲ့ အ​နေအထားမှာ ​ပေါ့​လျော့လာတာကြောင့် ဆက်လက် အရေးယူသွားမယ်လို့ ဝန်ကြီးက​ပြောပါတယ်။ M‌ask မတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်ကို​ မေလဒုတိယပတ်​လောက်စပြီး တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအပြင် ကျန်တိုင်းနဲ့ပြည်နယ်​တွေမှာ စတင်ခဲ့ပြီး ဈေး​တွေအပြင် အများပြည်သူ သွားလာရာ​နေရာ​တွေမှာ နှာ​ခေါင်းစည်း တပ်/မတပ် စစ်​ဆေးပြီး ဒဏ်ရိုက်အ​ရေးယူခဲ့တာ ဖြစ်ပါတယ်။ လတ်တ​လောမှာ​တော့ ရန်ကုန်စည်ပင်၊ YRTA နဲ့ ပရတိတအဖွဲ့​တွေ ပူး​ပေါင်းပြီး အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့ အသိပညာ​ပေးစည်းရုံး လှုံ့​ဆော်တာ​တွေလည်း လုပ်လာနေကြပါတယ်။  နှာ​ခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်အ​ရေးယူတဲ့ အစီအစဉ်ကို မေလဒုတိယပတ်ကစ ကျင့်သုံးခဲ့ပြီး ၃ လ​လောက်အတွင်း ​နေပြည်​တော်အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးက လူ​ပေါင်း ၂၉၀၀၀ ​ကျော်ကို ဒဏ်ရိုက်အရေးယူခဲ့တာ စုစု​ပေါင်းဒဏ်​ငွေ သိန်း ၁၀၀၀​ ကျော်ရရှိခဲ့​တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up