တရုတ်တွင် ပြည်ပမှကူးစက်သည့် ကိုဗစ်-၁၉ လူနာ ၉ ဦး တွေ့ရှိ

838
တရုတ်နိုင်ငံမှာ သြဂုတ် ၂၈ ရက်က ပြည်ပကနေ ကူးစက်လာတဲ့ ကိုဗစ်-၁၉ လူနာ သစ် ၉ ယောက် တွေ့ရှိပြီး ပြည်တွင်းကူးစက်တာ မရှိဘူးလို့ အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ ဆက်နွှယ်တဲ့ သေဆုံးသူ မရှိဘူးလို့လည်း ကော်မရှင်က ပြောပါတယ်။
သြဂုတ် ၂၈ ရက်မှာပဲ စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၃၅ ယောက် ပြန်နေကောင်းလာပြီး ဆေးရုံက ဆင်းခဲ့တယ်လို့ ကော်မရှင်က ပြောပါတယ်။
တရုတ်ပြည်နိုင်ငံမှာ သြဂုတ် ၂၈ ရက်အထိ ပြည်ပကကူးစက်လာသူ ၂၄၇၃ ယောက် ရှိပြီး အဲဒီထဲက ၂၂၈၅ ယောက်က ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။
ကပ်ရောဂါ စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ သြဂုတ် ၂၈ ရက်အထိ စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၅၀၀၀ ကျော်၊ ၄၆၃၄ ယောက်နဲ့ ရောဂါသက်သာပြီး ဆေးရုံကဆင်းသူ ၈၀၀၀၀ ကျော်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။