Home
မြန်မာသတင်း
ဆောမြို့နယ် ဧက ၁၀၀၀ တွင် ကျွန်းပင် ၅၄၀၀၀၀ စိုက်ပျိုးထား
DVB
·
August 29, 2020
မကွေးတိုင်း၊ ဆောမြို့နယ် သစ်တောဦးစီးဌာနက ၂၀၁၇ ခုနှစ်က ၂၀၂၀ ပြည့်နှစ် မိုးရာသီအထိ နိုင်ငံပိုင်စီးပွားရေး ကျွန်းစိုက်ခင်း ဧက ၁၀၀၀ မှာ ကျွန်းပင်ပေါင်း ၅၄၀၀၀၀ စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ ဆောမြို့နယ် သစ်တောဦးစီးအရာရှိ ဦးမောင်ငယ်က “တစ်နှစ်ကို ဧက ၂၅၀ ကို ကျွန်းပင်ပေါင်း ၁၃၅၀၀၀ စိုက်ပျိုးပါတယ်။ နှစ်စဉ် ဒီဇင်ဘာလမှာ သေပင် ရှင်ပင် ရေတဲ့အခါမှာတော့ နှစ်အလိုက် မတူဘူးပေါ့။ ပျှမ်းမျှ ၉၅ ရာခိုင်နှုန်း အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်” လို့  ပြောပါတယ်။ ဆောမြို့နယ် သစ်တောဦးစီးဌာနက နိုင်ငံပိုင်သစ်တောစိုက်ခင်း တည်ထောင်ခြင်းကို ၂၀၁၇ ခုနှစ် မိုးရာသီက စတင်ပြီး နှစ်စဉ် တစ်နှစ်ကို နိုင်ငံပိုင်စီးပွားရေးကျွန်းစိုက်ခင်း ၂၅၀ ဧက စိုက်ပျိုးနေပြီး ၂၀၂၀ ပြည့်နှစ် မိုးရာသီအထိ ဧကတစ်ထောင်မှာ ကျွန်းပင်ပေါင်း ငါးသိန်းလေးသောင်းအထိ စိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို ၂၀၁၇၊ ၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅၊ ၂၆ ဘဏ္ဍာရေးနှစ်အထိ ၁၀ နှစ်စီမံကိန်းနဲ့ နိုင်ငံပိုင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတော တန်ဖိုးမြှင့် စိုက်ပျိုးခြင်း၊ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများကို တိုးချဲ့ဖွဲ့စည်းတာတွေကို နိုင်ငံအဝန်းမှာ ဆောင်ရွက်နေတာပါ။ ဆောမြို့နယ် သစ်တောကြိုးဝိုင်းထဲမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း ကျောက်စစ်ကြိုးဝိုင်းအတွင်း ကျွန်းစိုက်ခင်း ၁၁၀၀ ဧက၊ မန်းကြိုးဝိုင်းအတွင်း ၄၅၀ ဧက၊ စိုက်ပျိုး တည်ထောင်သွားမယ်လို့ သိရပါတယ်။ ဆောမြို့နယ်အတွင်း ကြိုးဝိုင်းကြိုးပြင်သစ်တောမြေဧက စုစုပေါင်း ၁၉၅၀၀၀ ကျော်ရှိတယ်လို့ ဆောမြို့နယ်သစ်တောဦးစီးဌာနက သိရပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024