A d v e r t i s e m e n t With Us

ရေနံယိုစိမ့်ရာ မော်ရစ်သျှကမ်းခြေတွင် သေဆုံးလင်းပိုင်များ တွေ့ရှိ

ဂျပန်သင်္ဘောက ရေနံတွေယိုစိမ့်ခဲ့တဲ့နေရာ မော်ရစ်သျှ ကမ်းလွန်ကနေ သေဆုံးလင်းပိုင်အကောင်ရေ စုစုပေါင်း   ၄၀ ထက်မနည်း တွေ့ရှိခဲ့ပါတယ်။ လင်းပိုင်ငယ်လေး ပေါလောမျောနေတာကို ငါးဖမ်းသမားတွေနဲ့  တက်ကြွလှုပ်ရှားသူတွေက တွေ့ခဲ့တာပါ။  အဲဒီလို လင်းပိုင်တွေ ထူးထူးဆန်းဆန်း သေဆုံးတာဟာ  ရေနံယိုစိမ့်တာကြောင့်လားဆိုတာ ဆုံးဖြတ်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေက ဖြေရှင်းချက်ကို အပူတပြင်းတောင်းဆို နေပါတယ်။  ရိုက်တာသတင်းထောက် တဦးကလည်း  ရေပေါ် ပေါလောမျောပြီး လှိုင်းကြမ်းပင်လယ်မှာ  ဒုက္ခတွေ့နေပုံပေါ်တဲ့ အရွယ်ရောက် လင်းပိုင်အများအပြားကို  ဖော်ထုတ်ခဲ့ပါတယ်။   တိရစ္ဆာန်ကုဆရာဝန်တွေက အခုထိ  လင်းပိုင် နှစ်ကောင်သာ စစ်ဆေးထားပြီး ကနဦးအ လောင်းခွဲ ရလဒ်တွေအရ သူတို့ဟာ ထိခိုက်ဒဏ်ရာ ရထားပေမယ့် ကိုယ်ထဲမှာ  ဟိုက်ဒရိုကာဗွန် သဲလွန်စတွေကို မတွေ့ရပါဘူး။   သြဂုတ် ၂၆ ရက်နဲ့ ၂၇ ရက်က  ကမ်းခြေမှာ သောင်တင်သေဆုံးနေတဲ့ လင်းပိုင်တွေရဲ့  အလောင်းစစ်ချက်ကိုတော့  လာမယ့်ရက်တွေမှာ သိရမယ်လို့ အာဏာပိုင်တွေကေ ပြာပါတယ်။ ဇူလိုင် ၂၅ ရက်က ဂျပန်ရေနံတင်သင်္ဘောဟာ မောရစ်သျှကမ်းလွန်မှာ သန္တာ ကျောက်တန်းကို ဝင်တိုက်ပြီး  ရေနံတွေ ယိုစိမ့်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up