A d v e r t i s e m e n t With Us

ဖားကန့် ကိုဗစ်စစ်ဆေးရေးဂိတ်တွင် နေ့စဉ်အဝင် လူဦးရေ ၁၇၀၀ ကျော်ရှိ

ကျောက်စိမ်းထွက်ရှိရာ မှော်ဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကိုဗစ်-၁၉  စစ်ဆေးရေးဂိတ်တွေကနေ  နေ့စဉ် အဝင်လူဦးရေ စုစုပေါင်း ပျမ်းမျှ ၁၇၀၀ ကျော် ရှိနေတယ်လို့ ဂိတ်တာဝန်ရှိသူတွေက ပြောပါတယ်။  စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ လုံးခင်း-လယ်ပြင်ဂိတ်၊ ဝှေခါ-မကားပင်ဂိတ်၊ တာမခံ-ဆယ်စင်းဂိတ်တို့ကနေ နေ့စဉ်ဝင်ရောက်မှုရှိနေတဲ့အတွက် ဖားကန့်မြို့နယ်အတွင်းက စားသောက်ဆိုင်တွေကို ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ ရောင်းချဖို့ ညွန်ကြားထားပြီး စည်းကမ်းမလိုက်နာတဲ့ ဆိုင်တွေကို စစ်ဆေးအရေးယူသွားမယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနက ဒုတိယအုပ်ချုပ်ရေးမှူးက ပြောပါတယ်။  ဒါ့အပြင် လူစည်ကားရာနေရာတွေမှာ Mask မတပ်သူတွေကို ဒဏ်ရိုက်တဲ့သဘောနဲ့ Mask တွေကို တခု ၅၀၀ နှုန်းနဲ့ ဒဏ်တပ်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဖားကန့်မြို့နယ်အနေနဲ့ ကျောက်စိမ်းထွက်ရှိရာ မှော်ဒေသဖြစ်တာကြောင့် မြန်မာပြည်ဒေသအသီးသီးက အဝင်အထွက်တွေရှိနေကြပြီး ရွှေ့ပြောင်းလူဦးရေ များပြားသလို ရွှေ့ပြောင်းလူဦးရေ ၃ သိန်းကျော်ရှိတယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။  စစ်ကိုနိုင်ထွန်း

A d v e r t i s e m e n t With Us

More News
Up