ဂျပန်ကုမ္ပဏီတခု မိုးပျံကား စမ်းသပ်မောင်းနှင်ပြ

2.1K
မိုးပျံကားကို အောင်အောင်မြင်မြင် စမ်းသပ်မောင်းနှင်ခဲ့တဲ့ ဗွီဒီယိုကို သြဂုတ် ၂၈ ရက်မှာ တိုကျိုအခြေစိုက် SkyDrive ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။
SD-03 model မိုးပျံကားကို သြဂုတ်လအစောပိုင်းမှာ စမ်းသပ်မောင်းနှင်ခဲ့ပြီး မိုးပျံကားဟာ လေထဲမှာ ၄ မိနစ်ကြာ ပျံသန်းခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ကမ္ဘာ့အသေးဆုံး မိုးပျံကားဟာ အလျား၊ အနံ ၄ မီတာ နဲ့ အမြင့် ၂ မီတာ ရှိပြီး သာမန် ကား နှစ်စီးစာခန့် ပါကင်နေရာမှာ ဆင်းနိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ကုမ္ပဏီက ပြောပါ တယ်။
မိုးပျံကားပို့ဆောင်ရေးဝန်ဆောင်မှုကို ၂၀၂၃ မှာ စတင်ဖို့မျှော်လင့်တယ်ဆိုပြီးလည်း Sky Drive က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။