A d v e r t i s e m e n t With Us

လာမည့်ရွေးကောက်ပွဲ အညံ့ဆုံးသမ္မတလောင်းနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေးရဟု ထရမ့်ပြော

အမေရိကန်အား အရူးတစု ဖျက်ဆီးမှာကို လက်သင့်ခံမှာ မဟုတ်ဘူးလို့  နယူးဟမ်ရှိုင်း ပြည်နယ်မဲဆွယ်ပွဲအတွင်း  သမ္မတ ဒေါ်နယ်ထရမ့်က  သြဂုတ် ၂၈  ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရက်တစ်ပါတီ အဆိုပြုသမျှထဲမှာ အညံ့ဆုံး သမ္မတလောင်းနဲ့ ယှဉ်ပြိုင်ဖို့  သူဟာ အခွင့်အရေး ရထားတယ်လို့လည်း သမ္မတ ထရမ့်က ပြောဆိုခဲ့ပါတယ်။  လာမယ့် နိုဝင်ဘာရွေးကောက်ပွဲ မတိုင်မီ လူထုစစ်တမ်းအတွင်း  ထရမ့်ဟာ ပြိုင်ဘက်  ဘိုင်ဒင်ရဲ့ နောက်မှာ ရှိနေတာမို့  သူက တရားဥပဒေ စိုးမိုးရေးခေါင်းစဉ်ကို အဓိကထား မဲဆွယ်နေ ပါတယ်။    ထရမ့်ဟာ ဘိုင်ဒင်နဲ့အတူ ဒုသမ္မတလောင်းနေရာက ဝင်ပြိုင်မယ့် ကမ်မလာ ဟဲရစ်ကိုလည်း ဝေဖန်ခဲ့ပါတယ်။   ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း နယူးဟမ်ရှိုင်းယားပြည်နယ်မှာ  ထရမ့်ဟာ ပြိုင်ဘက် ဟီလာရီကလင်တန်ကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။  ဒါကြောင့် နယူးဟမ်ရှိုင်းယားဟာ ထရမ့်အဖို့ နိုင်ငံရေးအရ အရေးပါတဲ့ ပြည်နယ်တခု ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။   

A d v e r t i s e m e n t With Us

More News
Up