ဘဲလားရုစ်ကို အရေးယူပိတ်ဆို့ပါက ဥရောပပို့ဆောင်ရေးလမ်းကြောင်းပိတ်မည်ဟု သမ္မတ ခြိမ်းခြောက်

1.1K
ဘဲလာရုစ်နိုင်ငံကို အရေးယူပိတ်ဆို့တာတွေလုပ်ရင် နိုင်ငံတွင်းမှာရှိတဲ့ ဥရောပ ပို့ဆောင်ရေးလမ်းကြောင်းတွေကို ပိတ်ပစ်မယ်လို့ သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုက သြဂုတ် ၂၈ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။
နိုင်ငံအရှေ့ပိုင်းက နို့ထွက်ပစ္စည်းစက်ရုံကို သွားရာမှာ လူကာရှန်ကိုက ဥရောပအိမ်နီးချင်း နိုင်ငံတွေ ဘဲလာရုစ်နယ်မြေကိုဖြတ်ပြီး ရုရှားဆီ ကုန်ပစ္စည်းပို့ဆောင်တာတွေကို ပိတ်ပင်သွားပြီး အီးယူအဖွဲ့ဝင် လစ်သူရေးနီးယားက ဆိပ်ကမ်းတွေကနေတဆင့် ပို့ဆောင်နေတဲ့ ပို့ကုန်တွေကို လမ်းကြောင်းပြောင်းလဲသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ကုန်းပိတ်နိုင်ငံတခုဖြစ်တဲ့ ဘဲလာရုစ်က ကုန်စည်တွေကို လစ်သူယေးနီးယားရဲ့ ရထား လမ်းနဲ့ ဆိပ်ကမ်းကနေ သုံးပုံတစ်ပုံနီးပါး ပို့ဆောင် နေရပါတယ်။
ဒါ့အပြင် ဘဲလာရုစ်ဟာ ရုရှားကို ပို့ဆောင်တဲ့ ဥရောပကုန်စည်တွေ အဓိကဖြတ်သန်းရာ ကုန်းတွင်းလမ်းကြောင်းလည်း ဖြစ်ပါတယ်။
နောက်ပြီး ရုရှားက ဥရောပဆီ ရေနံပိုလွှတ်ပေးတဲ့ ပိုက်လိုင်းတွေဟာ ဘဲလာရုစ်ကို ဖြတ်သန်းသွားတယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။